၈၈ခေါင်းဆောင် ဦးကိုကိုကြီးကို တောင်ဥက္ကလာ ရဲစခန်း ဇူလိုင် ၂၂ရက်တွင် ဆင့်ခေါ်ထား

၈၈ခေါင်းဆောင် ဦးကိုကိုကြီးကို တောင်ဥက္ကလာ ရဲစခန်း ဇူလိုင် ၂၂ရက်တွင် ဆင့်ခေါ်ထား
တောင်ဥက္ကလာရဲစခန်းတွင် ခေါ်ယူစစ်ဆေးအပြီး ပြန်ထွက်လာသည့် ဦးကိုကိုကြီးကို မေ ၂၂ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-သက်ကို)

ရန်ကုန် (မဇ္ဈိမ) ။ ။ တောင်ဥက္ကလာကစားကွင်း ပြန်ရရေး ဆန္ဒပြသည့်ကိစ္စ ၈၈ခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ငါးဦးကို ပုဒ်မ ၁၉ဖြင့် တရားစွဲဆိုနိုင်ရန် တောင်ဥက္ကလာတရားရုံးက ဇူလိုင် ၂၂ရက်၌ ဒုတိယအကြိမ်အဖြစ်ဆင့်ခေါ်ထားသည်ဟု တောင်ဥက္ကလာမြို့နယ်မှူး ရဲမှူး မျိုးအောင်က မဇ္ဈိမကို ပြောသည်။

"ဥပဒေရုံးက တရားစွဲဖို့ ခွင့်ပြုချက်ကျပြီ။ ခရိုင်တို့၊ တိုင်းတို့ကလည်း စွဲလို့ရပြီဆိုတဲ့ ခွင့်ပြုချက်ကျလို့ ၂၂ရက် ၁၂နာရီမှာ တရားစွဲဖို့ ဆင့်ခေါ်တာ"ဟု ရဲမှူးမျိုးအောင်က ပြောသည်။ 

ဦးကိုကိုကြီးသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ တောင်ဥက္ကလာမြို့နယ် ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်ရန်လည်း ရှိနေသည်။ 

တောင်ဥက္ကလာပမြို့ နယ်၊ (၉) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိကလေးအားက စားကွင်းနှင့် ပန်းခြံတည်ရှိသည့်နေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံံ့ဖြိုးရေးပါတီမှ ကွန်ဒိုအဖြစ် ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် လူအင်အားတစ်ရာခန့် က အဆိုပါအားကစားကွင်းရှေ့တွင် ပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ ၂၄ ရက်က  ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly