နော်ဝေမှာ လျှပ်စစ်ကား အသုံးပြုမှု အစီးရေ ၁၀၀,၀၀၀ ထိ မြင့်တက်လာ

နော်ဝေမှာ လျှပ်စစ်ကား အသုံးပြုမှု အစီးရေ ၁၀၀,၀၀၀ ထိ မြင့်တက်လာ

လူတစ်ဦးချင်း လျှပ်စစ်ကားပိုင်ဆိုင်မှု ကမ္ဘာ့ အများဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ဂုဏ်ယူနေတဲ့ နော်ဝေရဲ့ လမ်းမများပေါ်မှာ လျှပ်စစ်ကားစီးရေ ၁၀၀,၀၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း ကုန်သွယ်ရေးအဖွဲ့ တစ်ဖွဲ့က ဒီဇင်ဘာ ၁၃ ရက်က ပြောပါတယ်။

သန့်စင်စွမ်းအင် အသုံးပြု ကားများဟာ နော်ဝေနိုင်ငံမှာ တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၂၀၀,၀၀၀ အထိ လျော့ချနိုင်ခဲ့ပြီး လာမယ့် ၃ နှစ်အတွင်း နိုင်ငံတွင်းမှ လျှပ်စစ်ကားစီးရေကို ၄၀၀,၀၀၀ အထိ တိုးမြင့်လာဖို့ စီစဉ်ထားလို့ လျှပ်စစ်စွမ်းအင်ယာဉ် အဖွဲ့အစည်းက ပြောပါတယ်။

အစိုးရက အခွန်လျော့ချပေးတာ၊ မြို့ဝင်ကြေးနှင့် ကားပါကင်ကြေး အခမဲ့ ပေးထားတာတို့ အပါအဝင် နိုင်ငံပိုင် ငွေကြေး အထောက်အပံ့ ရက်ရောမှုတွေကြောင့် နော်ဝေမှာ လျှပ်စစ်ကား အသုံးပြုမှု မြင့်တက်လာတာဖြစ်ပါတယ်။

လူဦးရေ ၅.၂ သန်းရှိတဲ့ နော်ဝေနိုင်ငံဟာ နိုင်ငံသား ၁,၀၀၀ လျှင် စုစုပေါင်း လျှပ်စစ်ကား ၁၉ စီးရှိနေပြီး လျှပ်စစ်ကားသစ် မှတ်ပုံတင်မှု အရေအတွက်ဟာ ၂၀ ရာခိုင်နှုန်း နီးပါး ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့ပြီးရင် နော်ဝေနိုင်ငံဟာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် အများဆုံး လျှပ်စစ်ကားများ ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာခဲ့တယ်လို့ ဥရောပ သန့်စင်စွမ်းအင် အသုံးပြုရေး စည်းရုံး လှု့ံဆော်တဲ့ အဖွဲ့ဖြစ်တဲ့ ပို့ဆောင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအရ သိရပါတယ်။

၂၀၁၅ ခုနှစ် မေလမှာ လျှပ်စစ်ကားစီးရေ ၅၀,၀၀၀ ရှိဖို့ ရည်မှန်းထားတာ ပြည့်မီပြီးနောက် မူဝါဒချမှတ်သူများက မက်လုံးများကို ထပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းချင်း ပြန်လည်ချော့ချသွားမယ်လို့ ၎င်းတို့က အရိပ်အမြွက် ပြောဆိုထားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags