နောင်နှစ် ၂၀ မှာ ဖွ့ံဖြိုးတိုးတက်ဖို့ ဘာတွေ ပြောင်းလဲဖို့ လိုမလဲ

နောင်နှစ် ၂၀ မှာ ဖွ့ံဖြိုးတိုးတက်ဖို့ ဘာတွေ ပြောင်းလဲဖို့ လိုမလဲ

ကျွန်မတို့ မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့အတူ ရှေ့ကို အရှိန်ပြင်းပြင်း ချီတက်နေတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ကမ္ဘာက အသိအမှတ်ပြုလက်ခံထားပါတယ်။

မကြာသေးခင် အချိန်ကလည်း နို်င်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နောင် အနှစ် နှစ်ဆယ်နေရင် မြန်မာနိုင်ငံက စင်ကာပူကို ကျော်တက်သွားစေရမယ်လို့  ပြောခဲ့တာတွေ ရှိတယ်ဆိုတော့ ကျွန်မတို့တွေ ဒီအတွက် အပြောင်းအလဲတွေများစွာ လိုအပ်ပါတယ်။

ဒီတော့ ကျွန်မတို့ မြန်မာနိုင်ငံက နောင်အနှစ် နှစ်ဆယ်နေရင် အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက ဘာတွေ ပြောင်းလဲရမလဲဆိုတဲ့ လူငယ်တွေရဲ့ အမြင်ကို ကျွန်မ အခုပဲ လိုက်မေးကြည့်ပါ့မယ်။

ကျွန်တော်တို့ ပြောင်းလဲဖို့အတွက် အားလုံး ပူးပေါင်းပါ၀င်ရမယ်။ အားလုံး စည်းလုံး ညီညွှတ်ရမယ် ။ စည်းကမ်းရှိရမယ်။ နောက်ပြီး ကျွန်တော်တို့ခေါင်းဆောင် ပြောခဲ့တဲ့အတိုင်း စင်ကာပူလိုပဲ ကျော်တက်ချင်တယ်ပေါ့လေ။ ဒါမှမဟုတ်လည်း ပြောင်းလဲချင်တယ်ဆိုရင်   ခေါင်းဆောင်နောက်မှာ နောက်လိုက်ကောင်းပီသစွာနဲ့ အားလုံး  စည်းကမ်းရှိရှိ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပါ၀င်ပြီးတော့ ကြိုးစားကြမယ်ဆိုရင် မဖြစ်နိုင်စရာ မရှိပါဘူး။

 

 

 

 

အဓိက လိုအပ်တာတော့ လူတွေရဲ့ Mindset ပေါ့နော်။ စိတ်ခံစားချက် တစ်ခုပဲပေါ့။ ကမ္ဘာပေါ်မှာရှိတဲ့ လူတော်တော်များများက ဘယ်အရာမဆို၊ ဘယ်ကိစ္စမဆို ယူဖို့ပဲ သိကြတယ်။ အဲဒီတော့ ကိုယ့်ဘက်ကသာ စပြီးတော့ ပေးတတ်တဲ့ အကျင့်လေးတစ်ခု ဖြစ်လာမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှပြီးတော့ ၊ အနာဂတ်တွေ အကုန်လုံး ရှေ့ဆက်ဖို့ အခွင့်အရေးတွေ ရှိလာမယ်လို့ ထင်ပါတယ်။

 

 

 

 

ကျွန်တော့အနေနဲ့ကတော့  တစ်ချို့တွေကြတော့ ပညာရေးနဲ့ စီးပွားရေးကိုပဲ ဦးစားပေးကြ တယ်ပေါ့နော်။ ဒါပေမယ့် ကျွန်တော်ကတော့ အားလုံး မျှမျှတတပဲ ဖြစ်စေချင်တယ်။ လူလူချင်း ကိုယ်ချင်းစာတဲ့ စိတ်နေစိတ်ထား ရင်ထဲမှာထားတဲ့ အနေနဲ့ မျှမျှတတဖြစ်စေချင်တယ်ဗျာ။ အားလုံးကို။

 

 

 

 

 

ညီမအနေနဲ့ကတော့ မြန်မာနိုင်ငံပြောင်းလဲဖို့အတွက်ဆိုရင် ပညာရေးကို အဓိက ပြောင်းလဲဖို့ လိုအပ်တယ််လို့ ထင်ပါတယ်။   အဓိက နိုင်ငံတစ်နို်င်ငံပြောင်းလဲဖို့ဆိုရင် Resource တွေက ပြည့်ဝဖို့ လိုအပ်တယ်လေ။ အဲဒါဆိုရင် Resource ပြည့်ဝတဲ့ ပညာတတ်တွေသာ  ပိုပြီးများလာမယ်ဆိုရင် နိုင်ငံတိုးတက်ဖို့ အပိုင်းမှာ တစ်ခုခုအနေနဲ့ ပါ၀င်သွားမယ်လို့ ညီမအနေနဲ့ထင်ပါတယ်။

 

 

 

 

ကျွန်တော့အနေနဲ့ကတော့ဗျာ၊ လူငယ်တွေ အနေနဲ့ အတွေးအခေါ်ပိုင်းကို အဓိက ထားမယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေ အတွေးအခေါ်ပိုင်းပြောင်းလဲလာမှ ပိုပြီး တန်ဖိုးရှိတဲ့ဟာတွေ ဖြစ်လာမှာပေါ့။ ပိုပြီး နားလည်ရမှာပေါ့နော်။ လူငယ်တွေအနေနဲ့  ။ ဟုတ် ကျေးဇူးပါ။

 

 

 

 

 

တိုးတက်ဖို့ဆိုရင်ပေါ့နော်.....ပညာရေးပြောင်းလဲသင့် တယ်လို့ ထင်တယ်ပေါ့နော်။  ပညာရေးက. ဆရာအထူးပြုကနေ  ကျောင်းသားအထူးပြုကို ပြောင်းစေချင်တယ်။  ပြီးရင် သင်ထောက်ကူပစ္စည်းတွေကို နည်းနည်းတိုးမြှင့်ပေးစေချင်တယ်။

 

 

 

 

 

 နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အဓိက ပြောင်းလဲရမှာကတော့ ပညာရေးက အဓိက အခန်းကဏ္ဍကနေ ပါ၀င်တယ်ပေါ့။ ပညာတတ်တာနဲ့ အတွေးတွေက မတူတော့ဘူးပေါ့။ အဲဒါကြောင့် ကျွန်တော်က ပညာရေးက အဓိကလို့ ထင်တယ်။

 

 

 

 

 

ကဲ …..ကျွန်မရဲ့ သူငယ်ချင်းတွေကတော့ နောင် အနှစ် ၂၀ နေရင် မြန်မာနိုင်ငံ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာတွေ လိုအပ်မလဲဆိုတဲ့ သူတို့ရဲ့ အမြင်တွေကို အခုလိုပဲ ပြောပြသွားခဲ့ပြီးပါပြီ။ သူငယ်ချင်းတို့မှာလည်း   မြန်မာနိုင်ငံ နောင် အနှစ် ၂၀ နေရင် အမှန်တကယ်  ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက ဘာတွေပြောင်းလဲဖို့ လိုအပ်မလဲဆိုတဲ့ အမြင်တွေ ရှိခဲ့မယ်ဆိုရင် ကျွန်မတို့ရဲ့ Yope Facebook နဲ့ Website တွေမှာ ၀င်ရောက်ပြီးတော့ ကွန်းမန့်လေးတွေ ပေးသွားကြပါဦး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly