ရာထူးတည်မြဲရန် ပရီးမီးယားလိဂ်ရလဒ်မှာ အရေးကြီးကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ၀န်ခံ

ရာထူးတည်မြဲရန် ပရီးမီးယားလိဂ်ရလဒ်မှာ အရေးကြီးကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ၀န်ခံ

ဒီဇင်ဘာ ၁၄၊ အင်္ဂလန် ။            ။ မန်စီးတီးအသင်းတွင် နည်းပြနေရာတည်မြဲနေရန်အတွက် အာမခံချက်မရှိကြောင်းနှင့် ရာထူးတည်မြဲရန် ပရီးမီးယားလိဂ်ရလဒ်မှာ အရေးကြီးကြောင်း ဂွါဒီယိုလာက ၀န်ခံပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းနှင့် လက်စတာအသင်းတို့ကို နှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက်တွင် မန်စီးတီးအသင်းမှာ ထိပ်ဆုံးမှ ချယ်လ်ဆီးနှင့် ရ မှတ်အထိကွာဟသွားပြီး နည်းပြဂွါဒီယိုလာအနေဖြင့် ၎င်း၏ အခြေအနေကို ပြန်လည်သုံးသပ်နေရသည်။

မန်စီးတီးအသင်းပိုင်ရှင်များက ၎င်းကို ယုံကြည်သော်လည်း ရာထူးတည်မြဲနေရန် ပရီးမီးယားလိဂ်ရလဒ်များမှာ အရေးကြီးကြောင်း ဂွါဒီယိုလာက ၀န်ခံသည်။

‘ဘောလုံးလောကမှာ ကာလရှည်စီမံကိန်းဆိုတာ မရှိတော့ပါဘူး။ ခင်ဗျားအနေနဲ့ ချက်ချင်းရလဒ်ကောင်းတွေ ရယူပေးနိုင်ဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဒုက္ခရောက်ပြီသာမှတ်ပါ။

ကျွန်တော့်နည်းပြဘဝမှ တစ်ခါမှ ရာထူးက အထုတ်ပယ်မခံခဲ့ရဖူးပါဘူး။ နိုင်ပွဲပျောက်ဆုံးမှုကာလကြာရှည်နေတာ ဒီတစ်ကြိမ် ပထမဆုံးပါပဲ။ အသင်းက နောက်ရာသီဆိုပိုကောင်းလာမှာပါ။ နောက် ၂ ရာသီလောက်ဆို ပိုပြီးကောင်းလာပါဦးမယ်။ ဒါပေမဲ့ ဒီကိုလာကတည်းက ချက်ချင်းနိုင်ပွဲတွေရဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော်သိပါတယ်။

အသင်းပိုင်ရှင်တွေက ကျွန်တော့်ကို ယုံကြည်တယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ နိုင်ပွဲတွေရဖို့တော့လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ အနေအထားက ရလဒ်တွေအပေါ်မှာ မူတည်နေပါတယ်’ ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required