ချယ်လ်ဆီးနှင့် မန်စီးတီးတို့ ဒဏ်ငွေ ပြစ်ဒဏ် ချမှတ်ခံရ

ချယ်လ်ဆီးနှင့် မန်စီးတီးတို့ ဒဏ်ငွေ ပြစ်ဒဏ် ချမှတ်ခံရ

ဒီလအစောပိုင်းက အီးဟတ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပွဲစဉ်အတွင်း နှစ်ဖက်ကစားသမားများ ရုန်းရင်း ဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းက ဒဏ်ငွေ ပေါင် ၁၀၀,၀၀၀ နှင့် မန်စီးတီးက ပေါင် ၃၅,၀၀၀ အသီးသီး ပေးဆောင်ရမယ်လို့ သိရှိရပါတယ်။

မန်စီးတီး ကစားသမား အဂွဲရိုးက ဒေးဗစ်လုခ်ကို ဖြတ်ထုတ်ရာမှ ကြမ်းတမ်းခဲ့တဲ့အတွက် အထုတ်ခဲ့ရပြီးနောက် ချယ်လ်ဆီးအသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ နှစ်ဖက် ကစားသမားကို ထိန်းချုပ်မှု အားနည်းခဲ့တာကြောင့် အက်ဖ်အေက အခုလို ဒဏ်ငွေ ရိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်ကို ကြမ်းတမ်းစွာ တားဆီးခဲ့တဲ့ အဂူရိုဟာ (၄)ပွဲ ပွဲပယ်ပြစ်ဒဏ်ချမှတ် ခံရသလို အသင်းဖော် ဖာနန်ဒင်ဟိုမှာလည်း ဖာဘရီဂတ်စ်ကို လိုက်ခံရန်ရှာခဲ့တဲ့အတွက် ၃ ပွဲ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရပါတယ်။

အစောပိုင်း သတင်းတွေအရ ချယ်လ်ဆီးအသင်းမှာ ရမှတ် ၁ မှတ် လျော့ခံရဖို့ ရင်ဆိုင်ရဖွယ်ရှိတယ်ဆိုတဲ့ သတိပေးမှုတွေလည်းရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ ချယ်လ်ဆီးအသင်းဟာ ၎င်းတို့ရဲ့ ကစားသမားတွေကို ထိန်းချုပ်မှု ပျက်ကွက်မှုအတွက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလကနေစလို့ ဒဏ်ငွေ ၆ ကြိမ်အရိုက်ခံခဲ့ရပါတယ်။

ဆက်စပ်သတင်း - ကစားသမားများရဲ့ အပြုအမှုများအတွက် မန်စီးတီးနှင့် ချယ်လ်ဆီးတို့ ပြစ်ဒဏ် ချမှတ်ခံရ

Ref; BBC Sports 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags