အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း (အပိုင်း ၃)

13 December 2016
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း (အပိုင်း ၃)
 

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ပူးပေါင်းဆောင်ရွက်မှုကြားထဲမှာ ဟိုဘက်နဲ့ ဒီဘက် ကြားထဲမှာရှိနေတဲ့ အခက်အခဲတွေကိုပေါ့ ခုနကတုန်းက ရယ်စရာလိုလိုနဲ့ တကယ်တမ်းကျတော့ ရယ်စရာ မကောင်းဘူးပေါ့နော်။ သူတို့တွေ မသိနေဘူးဆိုတော့ စိုးရိမ်ဖို့ကောင်းတယ်။ ဆရာမရေ တကယ် လက်ရှိအခြေအနေကတော့ တကယ် ဖြစ်နေတယ်ပေါ့နော်။ ခုနကတုန်းက မဟာဗျူဟာ စီမံကိန်းကြီးကလည်း အမျိုးသမီးတွေအတွက် ကလည်း အင်မတန်ကိုကောင်းတဲ့ စီမံကိန်းကြီးပေါ့။ တကယ့်ကို အကောင်အထည်ဖော်ဖို့အတွက် ကလည်း လိုအပ်နေပြီဆိုတော့ ပြည်သူလူထုတွေရော ဆရာမတို့ရဲ့ ဝန်ထမ်းတွေရော NSPAW ဆိုတာဘာလဲ၊ CEDAW ဆိုတာဘာလဲ သိဖို့ဆိုရင်တော့ အစိုးရအနေနဲ့ ဝန်ကြီးဌာနအနေနဲ့ ဆရာမတို့ ဝန်ကြီးဌာနအနေနဲ့ ဘာတွေများ ရှေ့ဆက်ပြီးတော့ လုပ်သွားဖို့တွေ ရှိနေလဲရှင့်။

နော်သဝါး (ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ တိုးတက်ရေး ဌာနခွဲ

အခုလက်တလောမှာ ကျွန်မတို့က ဒီနှစ် ၂၀၁၆ ခုနှစ်မှာ ဝန်ကြီးဌာန ၁၃ ခုကို ကျွန်မတို့ သွားပါတယ်။ အရင်တုန်းကဆိုလို့ရှိရင် ကျွန်မတို့ဆောင်ရွက်တဲ့ နည်းလမ်းပေါ့နော် နည်းလမ်းကို ကျွန်မတို့ ပြောရ မယ်ဆိုုလို့ရှိရင် ယခင်က ဘယ်လိုလုပ်လဲဆိုရင် အစည်းအဝေးတစ်ခုကျင်းပတယ်။ ကျင်းပရင် ဝန်ကြီးဌာနတစ်ခုစီက ၃ ယောက်စီပေါ့နော်။ ကျွန်မတို့ ဖိတ်ပြီးတော့ NSPAW ဆိုတာ ဘာ CEDAW ဆိုတာ ဘာလဲဆိုတာကို ကျွန်မတို့က အဲလိုမျိုး အသိပညာပေးပါတယ်။

အခုဆိုရင် CEDAW ကို လက်မှတ်ထိုးထားတာလည်း ၁၉ နှစ်ကျော်ပြီ။ နှစ် ၂၀ ထဲကို ရောက် နေပြီဆိုတော့ ဆယ်စုနှစ် နှစ်ခုဖြစ်နေပြီ မသိကြသေးဘူးဆိုတာတွေ ရှိတဲ့အခါကျတော့ ကျွန်မတို့ ဒီဟာတွေကို အသိပညာပေးလုပ်တဲ့အခါမှာ ဝန်ကြီးဌာနတွေ ကျွန်မတို့ရဲ့ Target ကတော့ ဒီအကောင်အထည်ဖော်မယ့် ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေသိဖို့က အဓိကပါ။ ၂၀၁၃ မှာ ရေးဆွဲခဲ့ပြီးပြီ။ ရေးသားတဲ့ထဲမှာလည်း ဘယ်သူတွေပါလဲဆိုရင် ဆက်စပ်တဲ့ဝန်ကြီးဌာနတွေပါတယ်။ အဲဒီကတည်းကလည်း ကျွန်မတို့တွေ အကုန်လုံး ဘယ်ဟာပါသင့်တယ်ဆိုတာကို အကုန်လုံး သူတို့ ပါခဲ့ပေမယ့် ဝန်ကြီးဌာနတွေကို ဖိတ်တဲ့အခါကျရင် ၃ ယောက်စီရတယ်။ အဲတော့ ကျွန်မတို့က ပြန်ပြီးတော့ စဉ်းစားတယ် ဒီလောက်ပေးတာလည်း မကြာခဏပေးတာနဲ့လည်း မလုံလောက်နိုင်ဘူး။ အဲတော့ ကျွန်မတို့က ကိုယ့်ရဲ့နည်းလမ်းကို ပြောင်းမှပဲဆိုပြီးတော့ ဝန်ကြီးဌာနတွေဆီကို ကျွန်မတို့တွေက သွားတယ်။

သွားတဲ့အခါမှာ ကျွန်မတို့က NGO အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့သွားတယ်။ ကျွန်မတို့ရဲ့ Voice ကိုလည်း ကြားသလို ဒီ CSO တွေ ဘက်ကရဲ့ Voice တွေရယ် အင်တာနေရှင်နယ်ရဲ့ Voice တွေရယ် သုံးခု စုပြီးတော့ ကျွန်မတို့ သွားတယ်။ သွားတဲ့အခါမှာ ဝန်ကြီးဌာနတစ်ခုကို ကျွန်မတို့က သွားလို့ရှိရင် အနည်းဆုံး အယောက် ၅၀ ရတယ်။ ၅၀ ရတဲ့အတွက်ကြောင့်မို့ ကျွန်မတို့ ဒီထဲကနေ မသိဘူးဆိုတာ မရှိရလေအောင် အချို့ ဝန်ကြီးဌာနတွေဆိုရင် အရမ်း စိတ်ပါဝင်စားတဲ့အတွက် လူကြီးတွေကအစ လာပြီးတော့ နားထောင်ကြပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဆိုလို့ရှိရင် ၂၈ ရက်နေ့ကျရင် ဝင်မယ်ဆိုတော့ သူတို့က အယောက် ၂၀၀ လောက်ရှိပါတယ်တဲ့ ဒါ့အပြင် တပ်ကုန်းဘက်မှာ ဆိုရင်လည်း ကြားသိချင်တဲ့သူတွေ ရှိပါတယ်တဲ့။ အဲဒီအတွက်ရော အစီအစဉ်ရှိပါသလားဆိုတော့ ကျွန်မတို့က သူတို့က လိုချင်နေတဲ့အခါမှာ ကိုယ်ကလည်း ပြန်ပေးချင်တဲဲ့အတွက်ကြောင့် ရပါတယ်ဆိုပြီးတော့ ကတိကဝတ်တော့ ပြုထားပါတယ်။ ဒါကတော့ ကျွန်မတို့ ဝန်ကြီးဌာနတွေဆီကို ဝင်နေတဲ့ နည်းလမ်းပေါ့။

နောက်တစ်ဖက်ကကျတော့ ကျွန်မတို့ ပြည်နယ်နဲ့တိုင်း အဲဒီမှာက တကယ့်လက်တွေ့ အကောင်အထည်ဖော်နေကြတာက ဒီ Stakeholder Celebrities မှာဆိုလို့ရှိရင် တစ်ခုခုကို အကောင်အထည်ဖော် ဆောင်ရွက်တော့မယ်ဆိုရင် သူတို့တွေ  ကွန်းဆက်ဘက်ကနေ ကြည့်တတ်ဖို့ အဲဒါတွေကိုလည်း ကျွန်မတို့ ထည့်ပေးရပါတယ်။ သွားတာနဲ့ NSPAW ဆိုပြီးတော့ ပြောလို့မရဘူး။ CEDAW ဆိုပြီးတော့လည်း ပြောလို့မရဘူး။ ကျွန်မတို့က အခြေခံကနေပြီးတော့ တဖြည်းဖြည်းနဲ့ ဆွဲယူပြောရတာတွေ ရှိပါတယ်။ အဲတော့ တော်တော်များများလည်း စိတ်ပါဝင်စားကြတာကို တွေ့ရပါတယ်။ အခု ပြည်နယ်နဲ့ တိုင်းတွေကိုလည်း သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါကတော့ ၂၀၁၇ မှာပေါ့နော်။ အခု ဒီ ၂၀၁၆ အကုန်ကို ဆွဲထားတာကတော့ ဝန်ကြီးဌာန ၁၃ ခုပါရှင့်။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ဟုတ်ကဲ့ပါ။ ခုနက ညီမလေးထောက်ပြသွားတဲ့ ဝန်ထမ်းတွေလည်း သိဖို့လိုနေပြီဆိုတာတော့ စတင်ပြီးတော့ ကြိုးစားနေပြီဆိုတော့ မျှော်လင့်ချင်တော့ ရှိလာပြီပေါ့နော်။ တဖြည်းဖြည်းတော့ တိုးတက်လာဖို့အတွက် ကျွန်မတို့ စိတ်ထဲမှာ စိတ်ချထားလို့ ရပြီပေါ့။ အန်တီရေ အခု ဆရာမလည်း ရှိနေတုန်းပေါ့နော် အန်တီတို့ Win-Win အနေနဲ့လည်း တကယ့်ကို ရပ်ထဲရွာထဲက အမျိုးသမီးတွေနဲ့ ထိတွေ့နေတဲ့အခါကျတော့ အစိုးရကဏ္ဍတွေမှာရော ဘာတွေများ လူမှုအဖွဲ့အစည်းတစ်ခုအနေနဲ့ အကြံပြုချင်တာလေးတွေ ပူးပေါင်းဆောင်ရွက်ချင်တာလေးတွေ ဘာတွေများ ရှိလဲရှင့်။

ဒေါ်ကေသီဝင်း (ဥက္ကဋ္ဌ)

Win-Win Organization

အန်တီကလေ အကြံပြုချင်တာဆိုရင်တော့ အစိုးရဘက်ကနေပေါ့နော် ထုတ်တယ်ဆိုပေမယ့် လုံလောက်မှုမရှိဘူး။ ၅ ရွာကိုမှ တစ်ယောက် ချထားတဲ့အချိန်မှာ အဓိကကတော့ လူတိုင်းကို မဆိုလိုချင်ဘူး။ ဒါပေမယ့် တချို့ကကျတော့ တာဝန်ခံမှု တာဝန်ယူမှု မရှိကြဘူးပေါ့။ မရှိတဲ့အခါကျတော့ သူတာဝန်ယူရတဲ့ရွာကို တစ်နှစ်မှ တစ်ခါရောက်တဲ့အခါမျိုးတွေ ဖြစ်တဲ့အခါမှာ တကယ်လည်း အလှမ်းဝေးတယ် မိခင်တွေက ဘာဖြစ်လာလဲဆိုတော့ အမျိုးသမိးအများစုက ဒီ ဆေးရုံဆေးခန်းနဲ့ ဒါတွေကို အားကိုးရမယ်ဆိုတဲ့စိတ် မရှိဘူးပေါ့။ အဲဒီ အားကိုးစိတ် ဖြစ်ဖို့ဆိုတာက အစိုးရက လုပ်မှရတာလေ။ ဆေးရုံကို အားကိုးချင်အောင် နညး်ပညာတွေ သူတို့အတွက် သွားလာမှုကဏ္ဍတွေမှာ လွယ်ကူချောမွေ့ပြီး ဘယ်ကိုဆက်သွယ်ရမယ် ဘယ်ကိုသွားရမယ် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ပညာပေးကဏ္ဍတွေက လုပ်လို့မရဘူးသမီး။ ဒါက အစိုးရပိုင်းကဏ္ဍ ဖြစ်သွားပြီ။

နောက်တစ်ခု အန်တီတို့ အရပ်ဖက်အဖွဲ့အစည်းတွေပေါ့ အရပ်ဖက်အဖွဲ့အစည်းတွေ သွားလုပ်တဲ့အခါမှာ အဲဒီမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေက စိတ်ဝင်စားမှုရှိဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စိတ်ဝင်စားမှ အန်တီတို့က Training တစ်ခုပေးခဲ့တယ် တကယ့်ကို အသုံးပြုလို့ရတဲ့အထိ Training တစ်ခုပေးခဲ့တယ်။ ဒါပေမယ့် အန်တီတို့ ပြန်မစစ်နိုင်ဘူး။ ပြန်မလုပ်နိုင်ဘူး။

မလုပ်နို်င်တဲ့အခါကျတော့ အဲဒီမှာရှိတဲ့ ဝန်ထမ်းကသာ အန်တီတို့နဲ့ ပူးပေါင်းပြီးတော့ သူက ဒီ ကျေးရွာသူ ကျေးရွာသားတွေကို အမြဲတမ်း ထိတွေ့ဆက်ဆံနေရတာလေ။ သူသာ ဆက်လက်ပြီးတော့ လုပ်ပေးမယ်ဆိုရင် ဒီသင်တန်းတစ်ခုရဲ့ အကျိုးကျေးဇူးက ပျက်မသွားဘူး။ အဲတော့ အဓိက အန်တီပြောချင်တာက ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ နောက်တစ်ခုက အစိုးရရဲ့ကဏ္ဍတွေမှာ အန်တီတို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လုပ်တဲ့အခါမှာ ဦးဆောင်မှုကဏ္ဍတွေကနေပြီးတော့ သွားစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ လုပ်နေတဲ့အခါမှာ တော်တေ်ာများများက ဖိတ်မှလာတာ။ သဘောပေါက်လားဟင်။ မဖိတ်ရင် ဒီလိုလေးပဲ နေလိုက်တယ်။

နောက် အန်တီတို့အဖွဲ့က Advocacy သိပ်မလုပ်ရဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ကို လာပြီးတော့ ဖိတ်တာကို။ ဖိတ်တော့ အဲဒီဘက်ခြမ်းက သူတို့ အကုန်လုပ်ထားတယ်။ ဒါပေမယ့် တကယ်တာဝန်ရှိတဲ့ ကျန်းမာရေးနဲ့ တာဝန်ရှိပြီး ပတ်သက်တဲ့သူတွေက တစ်ခါမှ လာမကြည့်ဘူး။ အဲဒီတော့ အန်တီတို့အဖွဲ့ ပြန်သွားပြီဆိုတာနဲ့ ပြီးသွားပြီတော့။ အဲဒါတွေက မဖြစ်သင့်ဘူးလို့ အန်တီထင်တာပေါ့။ အန်တီတို့က သာမာန်ပရဟိတဆိုတော့ အမြဲတမ်း စဉ်ဆက်မပြတ် လုပ်နေဖို့ဆိုတာက ဒေသတစ်ခုကို သုံးနှစ်ထက် ပိုမလုပ်နိုင်ဘူး။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

အဲတော့ ညီမတို့ အရပ်ဖက် အဖွဲ့အစည်းတွေကတော့ ဒီအစိုးရနဲ့ ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှသာလျင် တစ်နိုင်ငံလုံးကို လွှမ်းခြံုမှုရှိမယ်ဆိုတော့ ညီမအနေနဲ့ ဘာတွေများ ထိရောက်မှုရှိအောင် ဆရာမရှိတုန်းလေးကို အကြံပြုချင်တာများရှိရင် ဒါမှမဟုတ်ရင် အစိုးရကလည်း အခုဆိုရင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ရှိလာပြီဆိုတော့ပေါ့။

မမဥ္ဇူ (စီမံကိန်းဆိုင်ရာ မန်နေဂျာ)

အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ)

ကျွန်မတို့အနေနဲ့ဆိုရင် ဒီ NSPAW နဲ့ ပတ်သက်ပြီးတော့ အများကြီးပေါ့နော် DSW နဲ့ ဝန်ကြီးဌာနတွေ လွှတ်တော်တွေရော အကုန်လုံး ဆရာမတို့နဲ့ အတူတူ တွဲတက်ပြီးတော့ အစီအစဉ်ချထားတာတွေ စီမံကိန်းတွေ ချထားတာတွေ အများကြီးပဲပေါ့နော်။ ကျွန်မတို့ ဒီနှစ်ကုန် ၂၀၁၇ ခုနှစ်ကနေ ကျွန်မတို့ စပြီးတော့ အရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ ကျွန်မတို့ DSW နဲ့ ပေါင်းပြီးတော့ ဒီ NSPAW ၊ CEDAW ၊ GENDER  အဲဒါတွေကို အစိုးရ Level မှာရှိနေတဲ့ ဝန်ထမ်းတွေ မြို့နယ် Level က ဝန်ထမ်းတွေကိုလည်း ကျွန်မတို့က အသိပညာပေးဖို့တွေလည်း ရှိတယ်ပေါ့နော်။ ဒါကလည်း ကျွန်မတို့က ဒါရိုက် ဝင်လို့မရတဲ့အတွက် DSW နဲ့ ကျွန်မတို့ ချိတ်ပြီးတော့ သွားတာပေါ့နော်။ အဲလိုမျိုးအပိုင်းတွေရှိတယ်။ ကျွန်မတို့ အရပ်ဘက်အဖွဲ့အစည်းတွေကဆိုရင် အသိပညာပေးတွေကတော့ ကျွန်မတို့ အမြဲတမ်း တောက်လျှောက် လုပ်နေမှာပါ။ တစ်နိုင်ငံလုံး မသိမချင်းကို ကျွန်မတို့က ဖြန့်ကျက်ပြီးတော့ လုပ်နေမှာပါ။

အဲလိုပဲ ကျွန်မတို့က အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ အခုဆိုရင် အရမ်း တက်လာတယ်ပေါ့နော်။ ကျွန်မတို့မှာ စီမံကိန်းတွေ အခု အများကြီးပဲပေါ့နော်။ အဲဒီမှာလည်း ကျွန်မတို့က အသိပညာပေးတွေကိုလည်း ဖြန့်တယ်။ အဲဒီအသိပညာပေးတွေလုပ်တဲ့ နည်းလမ်းမှာဆိုရင်လည်း ကျွန်မတို့က နည်းလမး် သုံးသွယ်နဲ့ သွားမှာပေါ့နော်။ တစ်ပြိုင်နက်တည်း ကျွန်မတို့က အစိုးရကို Advocacy  လုပ်နေတယ်။ ဥပဒေတွေပေါ်ထွက်လာနိုင်အောင် နောက်ထပ်လည်း ကျွန်မတို့က နှစ်ဖက်အနေနဲ့ အသိပညာပေးတဲ့နေရာမှာ ကွန်မြူနတီကို ဒါရိုက်သွားပြီးတော့ အသိပညာပေးတွေ လုပ်ပြီးတော့ မီဒီယာကို အသုံးပြုပြီးတော့လည်း ကျွန်မတို့က တောက်လျှောက် အသိပညာပေးတာတွေ လုပ်သွားမှာပါ။ ဘယ်သူမဆို မီဒီယာကို ပိုအားသန်ကြပါတယ်။ နောက်ဆုံး အရုပ်မမြင်ရတဲ့   နေရာတွေမှာဆိုရင် ရေဒီယိုလေးနဲ့ဖြစ်အောင် လုပ်မယ်။ နောက်ပိုင်း ကျွန်မတို့ နည်းပညာတွေနဲ့ သင်ကြားမှုအပိုင်းတွေကအစ ကျွန်မတို့ အကုန်လုံး ပုံစံတွေ ပြောင်းထားပါတယ်။ ဒီအတိုင်းကြီး စာသင်သလိုမျိုးဆိုရင် ဘယ်သူမှ လာမတက်ချင်တာတွေ ရှိမယ်။ အဲတော့ ကျွန်မတို့ ပုံစံတွေပြောင်းပြီးတော့ အသိပညာပေးတွေ ကျွန်မတို့ လုပ်သွားမှာပါ။ အခုလည်း ဆက်တိုက်ကို လုပ်နေပါပြီ။

လွန်ခဲ့တဲ့ ၃ လလောက်ကနေစပြီးတော့ ကျွန်မတို့  အသိပညာတွေကို ဆက်တိုက်လုပ်နေပါပြီ။ နောက်ထပ်လည်း ကျွန်မတို့ ဒီ အမျိုးသမီးနဲ့ကျန်းမာရေး ကျွန်မတို့ Network ကြီးက ကြီးတယ်ပေါ့နော်။ ကြီးတဲ့အတွက်ကြောင့် အမျိုးသမီးနဲ့ကျန်းမာရေး အမျိုးသမီးနဲ့ ပညာရေးဆိုလို့ရှိရင်လည်း ကျွန်မတို့ ပညာရေးဝန်ကြီးဌာနကို ချိတ်ဆက်ထားပါတယ်။ GENDER ကွန်းဆက်တွေနဲ့ ပတ်သက်ပြီးတော့ ထည့်သွင်း ရေးဆွဲနိုင်ဖို့ သင်ရိုးညွှန်းတမ်းတွေမှာ အဲဒါတွေကို ကျွန်မတို့ လုပ်တယ်။ ပြီးတော့ ကျွန်မတို့ Child Girl တွေနဲ့ ပတ်သက်ပြီးတော့လည်း Shutter တွေ တိုးမြင့်လာဖို့ အစိုးရတစ်ရပ်အနေနဲ့ Shutter တွေ အများကြီးထားသလိုမျိုး ကျွန်မတို့လည်း CSO တွေအနေနဲ့ တက်နိုင်သလောက် ကျွန်မတို့ဘက်ကနေ နောက်ထပ် ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့တွေ Counselling Center   တွေပေါ့နော် ကျွန်မတို့နိုင်ငံမှာ အဲဒီ ခရက်ဒစ် အရမ်းနည်းနေသေးတယ်။ နှစ်သိမ့်ဆွေးနွေးဖို့တွေ DSW ကတော့ လုပ်နေတာတွေ ကျွန်မတို့သိတယ်။ ဒါပေမယ့် မြန်မာတစ်နိုင်ငံလုံကို မဖြစ်နိုင်ဘူးပေါ့။ အဲဒီဟာတွေ ကျွန်မတို့ အများကြီး ရှေ့ဆက်ပြီးတော့ လက်တွဲလုပ်ဆောင်သွားဖို့ ရှိပါတယ်။

အပိုင်း(၁) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/21122
အပိုင်း( ၂ ) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/21172

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly