၂၀၁၇ ခုနှစ်တွင်လည်း စီရော်နယ်ဒိုနှင့် မက်ဆီတို့သာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိဦးမည်ဟု ဂရစ်ဇ်မန်း ဆို

၂၀၁၇ ခုနှစ်တွင်လည်း စီရော်နယ်ဒိုနှင့် မက်ဆီတို့သာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိဦးမည်ဟု ဂရစ်ဇ်မန်း ဆို

ဒီဇင်ဘာ ၁၃၊ စပိန် ။          ။ ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ပေးအပ်ချီးမြှင့်သည့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု(Ballon d’Or)ဆုကို ပေါ်တူဂီနှင့်ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက လေးကြိမ်မြောက် ဆွတ်ခူးရရှိသွားခဲ့သည်။

ထိုဆုအတွက် ဆန်ခါတင်သုံးဦးစာရင်းတွင်ပါ၀င်ခဲ့ပြီး တတိယနေရာရရှိခဲ့သည့် ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပထမရခဲ့သည့် စီရော်နယ်ဒိုနှင့် ဒုတိယနေရာမှ မက်ဆီတို့သည် ပုံမှန်သဘာဝထက်ပိုမိုထူးခြားကောင်းမွန်သည့် ထိပ်တန်းကစားသမားများဟု ချီးကျူးပြောဆိုလိုက်သည်။ ထို့အပြင် ပြင်သစ်တိုက်စစ်မှူးက စီရော်နယ်ဒိုနှင့်မက်ဆီတို့ကို ကျော်ဖြတ်ရန် အလွန်ခက်ခဲပြီး လာမည့် ၂၀၁၇ ခုနှစ်တွင်လည်း ၎င်းတို့နှစ်ဦးသာ ကမ္ဘာ့အကောင်းဆုံးဆုကို ရရှိလိ့မ်ဦးမည်ဟု ဆိုခဲ့သည်။

‘ထိပ်ဆုံးသုံးယောက်စာရင်းဝင်ခဲ့လို့ တကယ်ကို ပျော်ပါတယ်။ ကျွန်တော့်ကို မဲပေးခဲ့ကြသူတွေကို အရမ်းကျေးဇူးတင်ပါတယ်။ အခုအချိန်မှာ ကျွန်တော်ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်နေပါပြီ။ ကျွန်တော်တို့ ဆက်လက်ကြိုးစားသွားရမှာပါ။

မက်ဆီနဲ့ရော်နယ်ဒိုက အလွန်ထူးခြားကောင်းမွန်တဲ့ကစားသမားနှစ်ဦးပါ။ ဂန္ထဝင်နှစ်ဦးလို့ ပြောရမှာပါ။ သူတို့နှစ်ယောက်နောက်မှာ ရပ်တည်နိုင်ခဲ့တာက တကယ်ကို မာနတက်ချင်စရာကောင်းပြီး   ကျေနပ်စရာပါ။ အနာဂတ်မှာလည်း သူတို့နှစ်ယောက်ကို ဖြတ်ကျော်ဖို့ဆိုတာ တကယ်ကို မလွယ်ပါဘူး။ ၂၀၁၇ မှာလည်း သူတို့နှစ်ယောက်ထဲက တစ်ယောက်ကပဲ ဆုရလိမ့်ဦးမယ်လို့ မျှော်လင့်ပါတယ်’ ဟု ဂရစ်ဇ်မန်းက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required