အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ဆိုက်ကလုန်း ဗာဒါ့ တိုက်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံး

အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ဆိုက်ကလုန်း ဗာဒါ့ တိုက်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံး
(ဓာတ်ပုံ - အီးပီအေ)

တနင်္လာနေ့က ဆိုက်ကလုန်း ဗာဒါ့ (Vardah) ဟာ လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၁၀၅ (၆၅.၂ မိုင်) ဖြင့် အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းပေါ် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသန်းခဲ့ပါတယ်။ မုန်တိုင်းကြောင့် အခြေခံအဆောက်အဦများနှင့် သီးနှံများ ပျက်စီးမှု စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

ဆိုက်ကလုန်းကြောင့် ချန်နိုင်း (တမီးလ်နာဒူးရဲ့ အိန္ဒိယ တောင်ပိုင်းပြည်နယ် မြို့တော်) အနီးမှာ ညနေ ၃ ဝန်းကျင်ခန့်က မြေပြိုမှုတွေ စတင်ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံရဲ့ မိုးလေဝသဌာနက ကြေညာချက်မှာ ပြောဆိုထားပါတယ်။

အိန္ဒိယတောင်ပိုင်းမှာ လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွ ရွာသွန်းဟာ ပြည်နယ်များထဲသို့ ဝင်ရောက်ခဲ့ပြီး အထူးသမြင့်  အန်ဒရာပရာဒက်ရှ် တောင်ပိုင်းနှင့် တမီးလ်နာဒူး မြောက်ပိုင်းတို့မှာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်တွေကို ကိုးကားပြီး မီဒီယာများက ဖော်ပြထားပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ ပြိုလဲတာတွေ အပါအဝင် ဆိုင်ကလုန်းမုန်တိုင်းရဲ့ သက်ရောက်မှု ပုံရိပ်တွေကို တီဗွီချန်နယ်များက ပြသခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့များက မြင့်မားတဲ့ အန္တရာယ်ရှိ နေရာများမှာ သွားရောက်ခဲ့ပြီး လူပေါင်း ရ,၃၅၇ ဦးကို ယာယီတဲ ၅၄ ခုသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ အရေးပေါ်အနေအထားတွက် စစ်တပ်မှာ ဝင်ရောက် ဆောင်ရွက်နိုင်ရန် အဆင်သင့်ဖြစ်နေတယ်လို့ တမီးလ်နာဒူး အာဏာပိုင်များက ဆိုပါတယ်။

"ပြည်သူများ ဘေးကင်လုံခြံုတဲ့ နေရာများမှာ ရှိနေဖို့နှင့် ပြည်နယ်အစိုးရ ဝန်ထမ်းများနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်ဖို့ အကြံပြုပါတယ်"လို့ NDMA က ပြောဆိုထားပါတယ်။

ငါးဖမ်းသမားများကို နောက်ထပ် ၂၄ နာရီအတွင်း ပင်လယ်ပြင် မထွက်ရန် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

၂၀၁၃ ခုနှစ်က ဆိုက်ကလုန်း Phailin ကြောင့် အော်ရစ်စ်ဆာ (အရှေ့) ရဲ့ ပြည်နယ်နှင့် အန်ဒရာပရာဒက်ရှ်ပြည်နယ်တို့မှာ လူ ၅၃ ဦး သေဆုံးခဲ့သလို နောက်တစ်နှစ်မှာပဲ နောက်ထပ် ဆိုက်ကလုန်းမုန်တိုင်းတစ်ခုကြောင့် အလားတူနေရာမှာ လူ ၂၃ ဦး သေဆုံးခဲ့ပါတယ်။

၁၉၉၉ ခုနှစ်မှာ အလားတူ ဆိုက်ကလုန်းမုန်တိုင်းကြောင့် အော်ရစ်စ်ဆာမှာ လူပေါင်း ၁၀,၀၀၀ သေဆုံးခဲ့ပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required