၂၀၁၆ခုနှစ် ဗြိတိန် X Factor အဆိုပြိုင်ပွဲ၌ Matt Terry အနိုင်ရရှိခဲ့

၂၀၁၆ခုနှစ် ဗြိတိန် X Factor အဆိုပြိုင်ပွဲ၌ Matt Terry အနိုင်ရရှိခဲ့

အသက်၂၃နှစ် အရွယ်ရှိ ၀ိတ်တာလေး Matt Terrry ဟာ ၂၀၁၆ခုနှစ် ဗြိတိန် X Factor အဆိုပြိုင်ပွဲမှာ ဖင်လန် နိုင်ငံသူ Saara Aalto ကိုကျော်ဖြတ်ကာ ၀မ်ဘလေအားကစားကွင်းကြီး၌   ပြိုင်ပွဲရဲ့ အနိုင်ရရှိသူ ဖြစ်လာခဲ့ပါသည်။

ITV ရှိုးရဲ့နောက်ဆုံးပြိုင်ပွဲကို လွန်ခဲ့သော တနင်္ဂနွေနေ့က တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ၂၀၁၁ ခုနှစ် X Factor ပြိုင်ပွဲ ရဲ့အနိုင်ရရှိသူတွေဖြစ်တဲ့ Little Mix နဲ့ Madness တို့ဟာ သူတို့ရဲ့အယ်လ်ဘမ်သစ် Can’t Touch Us Now ဖြင့် ထိုပွဲမှာ ဖျော်ဖြေခဲ့ပါသည်။

Terryက  အဆိုပါပြိုင်ပွဲစီးရီးမှာ သူအကြိုက်ဆုံး သီချင်းအဖြစ် Sam Smith ရဲ့ Writing’s On The Wall သီချင်း ကိုရွေးချယ်ခဲ့ပြီး သူ့ရဲ့နောက်ဆုံး ဗိုလ်လုပွဲမှာတော့ ၁၉၈၀ခုနှစ်တုန်းက လူကြိုက်များခဲ့တဲ့ Randy Crawford ရဲ့ One Day I’ll Fly Away သီချင်းဖြင့် ယှဉ်ပြိုင်ခဲ့ပါသည်။

ပွဲရဲ့အစီအစဉ်မှူးဖြစ်တဲ့ Dermot O’Leary ကတော့ Matt Terry ဟာ မဲပေါင်း ၆.၄သန်းကျော်ရရှိခဲ့ကာ ဒီနှစ်ရဲ့ အနိုင်ရရှိသူတွေကို သီချင်းသစ်ထုတ်ပေးမယ်လို့ ပြောထားတဲ့အတိုင်း Terry ကို When Christmas Comes Around ဆိုတဲ့သီချင်း ထုတ်ပေးမှာဖြစ်ပြီး သီချင်းရေးဆရာကတော့ နာမည်ကျော် Ed Sheeran ဖြစ်တယ်လို့ ကြေညာခဲ့ပါသည်။

“ကျနော်ဒီနေရာမှာရပ်နေရမယ်လို့ မယုံကြည်နိုင်ပါဘူး၊ ကျနော့်ကိုထောက်ပံ့ကူညီပေးတဲ့သူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်လို့ ပြောလိုပါတယ်။ ကျနော်ဒီဆုကို လိုချင်နေခဲ့တာကြာပါပြီ။ ကျနော်ဒီဆုကို ရရှိဖို့ ဘယ်လိုဖြတ်သန်းလာခဲ့ရလဲတောင် မသိတော့ပါဘူး၊ အခုဒါတွေဖြစ်ပျက်နေတာကို မယုံကြည်နိုင်လောက်အောင် ဖြစ်မယ်ပါတယ်” လို့ Matt Terry က ပြောခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags