အင်ဒိုငလျင်ကြောင့် လူပေါင်း ၄၅,၀၀၀ ကျော်ထိ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့

အင်ဒိုငလျင်ကြောင့် လူပေါင်း ၄၅,၀၀၀ ကျော်ထိ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့

ဒီဇင်ဘာ ၁၀ ။             ။ အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည် သီတင်းပတ်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိခဲ့သကဲ့သို့ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားသွားသည်။

" ကျွန်တော်တို့ ဒီစနေ့မနက်အထိ နေရာတော်တော်များများမှာ ကူညီရွှေ့ပြောင်းနေရာချပေးထားသူ စုစုပေါင်း ၄၅,၃၀၀ လောက်ရှိသွားပါပြီ" ဟု အင်ဒို အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး   အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပူဝါ၀ုိက ပြောသည်။

ယခုသီတင်းပတ် အစောပိုင်းက အာချေးပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်ကြောင့် လူနေအိမ်များ၊ ဗလီများ၊ အဆောက်အဦးများ ပျက်စီးခဲ့ပြီး လူပေါင်း ရ၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်ဟုလည်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသသို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို၀ီဒိုဒို ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က သွားရောက်ခဲ့ပြီး ထိခိုက်ခံပြည်သူများအတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ကူညီလုပ်ဆောင်ပေးမည်ဟု ကတိပြုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required