နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အိုးဘိုထောင်ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အိုးဘိုထောင်ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်

မန္တလေး၊ ဒီဇင်ဘာ ၁၀ ။            ။ နိုင်ငံတစ်ဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများ၊ အခြားသော ပြစ်မှုများနှင့် မတရားထောင်ကျနေသော အ ကျဉ်းသား/ သူများအားလုံးကို နိုင်ငံတော်မှ အမြန်ဆုံးစီစစ်ပြီး ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်နှင့် အကျဉ်းဦး စီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို နိုင်ငံတော်မှ ကူညီစောင့်ရှောက်ပေးရန်အတွက် ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်း၌ မန္တလေးမြို့၊အိုးဘို အကျဉ်းထောင် ရှေ့တွင် MDCF မှ ဦးသိန်းအောင်မြင့်က တစ်ကိုယ်တော် ဆန္ဒဖော်ထုတ် တောင်းဆိုလိုက်သည်။

"နိုင်ငံရေးသမားတွေကို အမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုတာပါ။  နောက်တစ်ခုက အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေနဲ့ မိသားစုတွေကို အစိုးရအနေနဲ့ကူညီပေးဖို့တောင်းဆိုတာပါ "ဟု ဦးသိန်းအောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦးကျော်ရှိနေသေးပြီး ထိုသူများကို အရပ်သား ဒီ မိုကရေစီအစိုးရအနေဖြင့် အမြန်ဆုံး လွှတ်ပေးရန်လိုသည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် လယ်ယာမြေ အရေးကူညီဆောင်ရွက်နေသူများနှင့် တောင်သူများကို ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုဖမ်း ဆီးနေမှုများကိုလည်း ပြန်လည်စီစစ်ရန်လိုအပ်သည်ဟု ဆိုသည်။

MDCF အနေဖြင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်မြောက်ရေးအတွက် တောင်းဆိုမှုများ စဉ်ဆက်မပြတ် လုပ် ဆောင်သွားမည်ဟုလည်း ဦးသိန်းအောင်မြင့်က ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required