နှစ်နိုင်ငံဆက်ဆံရေးအတွက် ဂျပန်တို့၏ ခွေးလက်ဆောင်ပေးသည့် သံခင်းတမန်ခင်း နည်းလမ်းအသုံးပြုလိုမှုအပေါ် ရုရှ လျစ်လျူရှု

နှစ်နိုင်ငံဆက်ဆံရေးအတွက် ဂျပန်တို့၏ ခွေးလက်ဆောင်ပေးသည့် သံခင်းတမန်ခင်း နည်းလမ်းအသုံးပြုလိုမှုအပေါ် ရုရှ လျစ်လျူရှု

ဒီဇင်ဘာ ၁၀ ။              ။ လာမည့် သီတင်းပတ်၌ ရုရှသမ္မတ ဗလာဒီမာ ပူတင်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့အကြား တွေ့ဆုံသွားရန် ရှိနေသည့်အချိန် ယင်းမတိုင်မီ ပူတင်အား ခွေးတစ်ကောင် လက်ဆောင်ပေးရန် ဂျပန်တို့ဘက်က ကြိုးပမ်းခဲ့သော်လည်း ငြင်းဆန်ခံခဲ့ရကြောင်း သိရသည်။

ခွေးချစ်သူဟု လူသိများသည့် ပူတင်ဆီသို့ ၂၀၁၂ ခုနှစ်က Yume အမည်ရခွေးမလေးတစ်ကောင်ကို ဂျပန်တို့က လက်ဆောင်ပေးထားခဲ့ပြီး ယခုအခါ ယင်းခွေးနှင့်အမျိုးတူ Akita အမည်ရ ခွေးထီးလေး တစ်ကောင်ကို ထပ်မံလက်ဆောင်ပေးရန် ဂျပန်အစိုးရဘက်က စီစဉ်ခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

" ဒီကမ်းလှမ်းချက်ကို လက်မခံပါဘူးဆိုပြီး ရုရှဆီက အကြောင်းပြန်လာပါတယ်၊ ခုတော့ ခွေးထီးလေး လက်ဆောင်ပေးချင်တဲ့ ကျွန်တော်တို့ဆန္ဒ ပျက်ပြယ်သွားပါပြီ" ဟု ဂျပန်ဥပဒေပြုလွှတ်တော် အမတ်တစ်ဦးဖြစ်သည့် Koichi Hagiuda က ပြောကြားသွားသည်။

နှစ်နိုင်ငံခေါင်းဆောင်များသ်ည လာမယ့် ဒီဇင်ဘာ ၁၅၊၁၆ တို့တွင် တွေ့ဆုံသွားမည်ဖြစ်သည်။

 ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား လုံခြံုရေးပိုင်းဆိုင်ရာ ဆွေးနွေးပြောဆိုမှုများ ပြန်လည်စတင်နိုင်ရေး၊ ၂၀၁၄ ခရိုင်းမီးယားပြဿနာနောက်ပိုင်း ရပ်ဆိုင်းထားခဲ့သော ပင်လယ်ရေကြောင်း ကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှုများ ပြန်စနိုင်ရေး ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required