ကရင်ပြည်နယ်၌ ဒုတိယအကြိမ်မြောက် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ် ကွန်ရက်ဖိုရမ်ကျင်းပ

ကရင်ပြည်နယ်၌ ဒုတိယအကြိမ်မြောက် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ် ကွန်ရက်ဖိုရမ်ကျင်းပ
MJI မှ ဦးစိန်ဝင်းက မြန်မာ့မီဒီယာအခြေအနေကို ရှင်းလင်းတင်ပြစဉ်

ဘားအံ။ဒီဇင်ဘာ။၁၀ ။                 ။ ဒုတိယအကြိမ်မြောက် မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ယက်ဖိုရမ်ကို ကရင်ပြည်နယ် ဘားအံမြိ့ ု၌ ဒီဇင်ဘာ ၁၀ က ကျင်းပခဲ့သည်။

ယင်းဖိုရမ်သို့ မွန်၊ကရင်၊တနင်္သာရီ ဒေသသုံးခုမှ သတင်းမီဒီယာသမားများတက်ရောက်ခဲ့ပြီး ကွန်ယက်၏ ကော်မတီအသစ်ပြန်လည်ဖွဲ့စည်းသွားရန်နှင့် ဖွဲ့စည်းပုံပြင်ဆင်သွားရန် ၊ရှေ့လာမည့် လုပ်ငန်းစဉ်များကို ပူးပေါင်း အဖြေရှာကြမည်ဟု (SMJN)ညှိနိုင်ရေးမှူး ဦးစောညွှန့်သောင်းက ဖိုရမ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းသွားသည်။

ကော်မတီအသစ်ရွေးချယ်မှုအနေဖြင့် လက်ရှိ ကျင်းပသည့်ဒုတိယအကြိမ်မြောက်ဖိုရမ်က မဲစနစ်ဖြင့်ရွေးချယ်သွားမည်ဟု ညှိနိုင်းရေးမှူးကဆိုသည်။ (SMJN)ကွန်ယက်  ကော်မတီအနေဖြင့် မွန်၊ကရင်၊ တနင်္သာရီဒေသသုံးခုမှ ကော်မတီအဖွဲ့ဝင် (၉)ဦးစီဖြင့်ဖွဲ့စည်းထားကြောင်းသိရသည်။

ဖိုရမ်သို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်စာရင်းစစ်ချုပ် ဦးစောလှထွန်း၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ် ကွန်ယက်တွင် အဖွဲ့ဝင် ၈၀ ခန့်ရှိပြီး ဖိုရမ်သို့ လေ့လာသူများအပါအဝင် ကွန်ယက်အဖွဲ့ဝင် ၆၀ ဦးခန့် တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required