မမျှတသည့် ရလဒ်များထွက်ခဲ့သော မန်ယူအသင်း အဆင့် ၃ အတွင်း ဝင်သင့်ဟု မော်ရင်ဟိုပြော

မမျှတသည့် ရလဒ်များထွက်ခဲ့သော မန်ယူအသင်း အဆင့် ၃ အတွင်း ဝင်သင့်ဟု မော်ရင်ဟိုပြော

ဒီဇင်ဘာ ၁၀၊ မန်ချက်စတာ။            ။ လက်ရှိ မန်ယူအသင်း၏ အဆင့်ရပ်တည်မှုအတွက် အလုံးစုံ စိုးရိမ်မှု မရှိကြောင်း နည်းပြမော်ရင်ဟိုက ပြောပြီး မကြာသေးခင်က အနိုင်ရထိုက်သည့် ပွဲများကိုသာ အနိုင်ရခဲ့မည်ဆိုလျှင် အဆင့် ၃ အတွင်း ရောက်နေမည်ဟု ဆိုသည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ် နောက်ဆုံးငါးပွဲတွင် လေးပွဲထိ နိုင်ပွဲပျောက်ခဲ့သဖြင့် ချန်ပီယံလမ်းကြောင်းပေါ်မှ သွေဖည်သွားသည့် အနေအထားသို့ ရောက်ခဲ့ရသည်။

သို့သော် နိုင်ပွဲပျောက်ခဲ့သော ပွဲတစ်ပွဲစီတွင် ပြိုင်ဘက်က ပွဲပြီးကာနီးမှ ချေပဂိုး သွင်းယူခြင်း၊ ပြိုင်ဘက်ဂိုးသမား၏ ပွဲစဉ်အလိုက် အကောင်းဆုံးဆုရနိုင်သည့် လက်စွမ်းပြခြင်းများနှင့် ကြံုတွေ့ခဲ့ရသည်။

စပါးအသင်းနှင့်ကစားရရန်ရှိနေစဉ်တွင် မန်ယူအသင်းသည် အဆင့် ၄ ပြင်ပသို့နှစ်နှစ်ဆက်ရောက်ရမည့်အရေးနှင့်ရင်ဆိုင်နေရပြီး ယင်းမှာ ဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်း လေးနှစ်အတွင်း တတိယအကြိမ်မြောက်လည်း ဖြစ်လာနိုင်သည်။

သို့သော် မော်ရင်ဟိုက မန်ယူအသင်းအဆင့် ၆ နေရာသို့ရောက်နေရခြင်းမှာ စစ်မှန်သည့်အနေအထားမဟုတ်ဘဲ အပေါ်မှ ငါးသင်းမှာ ယင်းနေရာရောက်ရန် ထိုက်တန်ခြင်းမရှိဟု ပြောသည်။

“ဒါကမမျှတဘူး။ ကျွန်တော်တို့လက်ရှိရတဲ့အမှတ်ထက်ပိုရနိုင်တယ်လို့ ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ အပေါ်ကိုရောက်နေတဲ့အသင်းတွေက ကျွန်တော့်ယူဆချက်အရ ကျွန်တော်တို့ထက်ပိုကောင်းတယ်လို့ မမြင်ဘူး။

ကျွန်တော်တို့ အနိုင်ရသင့်တဲ့ပွဲတွေအများကြီးကို သရေကျခဲ့ရတယ်။ အဲဒီပွဲတွေသာနိုင်ခဲ့ရင် အမှတ်ပေးဇယားထိပ်နားကို ရောက်နေရမှာ။

တခြားမမျှတတာတွေအများကြီးလည်း ရှာတွေ့ထားပေမယ့် တစ်ခုတည်းသောလမ်းက အလုပ်ဆက်လုပ်နေဖို့ပါပဲ”ဟု မော်ရင်ဟိုက စကိုင်းစပို့စ်သို့ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required