ဟာနန်ဒက်ဇ်ကို ဇန်နဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူရန် လီဗာပူးလ်နှင့် စပါးမျက်စိကျ

ဟာနန်ဒက်ဇ်ကို ဇန်နဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူရန် လီဗာပူးလ်နှင့် စပါးမျက်စိကျ

ဒီဇင်ဘာ ၁၀၊ လီဗာပူးလ်။            ။ လီဗာပူးလ်နှင့် စပါးအသင်းတို့သည် ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း ဟာနန်ဒက်ဇ်ကို ခေါ်ယူရန် မျက်စိကျနေသည်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းကို အင်္ဂလန်သို့ပြန်လည်ခေါ်ယူရန်အတွက် အပြိုင်ကြိုးပမ်းဖွယ်ရှိနေကြခြင်းဖြစ် သည်။

လာမည့် ဇန်နဝါရီတွင် ပြန်လည်ဖွင့်လှစ်မည့် အပြောင်းအရွှေ့စျေးကွက်အတွင်း ကစားသမားသစ်ရှာဖွေရန် ကလော့ပ်နှင့် ပိုချက်တီနိုတို့ နှစ်ဦးစလုံး၌ ပစ်မှတ်များရှိနေကြသည်။

ကလော့ပ်၏ ဦးစားပေးတစ်ခုမှာ တောင်ပံကစားသမားတစ်ဦးဖြစ်ပြီး ပိုချက်တီနို၏ အပြောင်းအရွှေ့ ရည်မှန်းချက်မှာ နံပါတ် ၁၀ နေရာ ကစားနိုင်သူတစ်ဦး ရှာဖွေရန်ဖြစ်သည်။

နှစ်သင်းလုံးမှာ တိုက်စစ်ပိုင်းကို စိုးရိမ်နေကြပြီး လေဗာကူဆင်၏ ဟာနန်ဒက်ဇ်ကို ဗလင်စီယာအသင်းကလည်း စိတ်ဝင်စားနေခြင်းက နှစ်သင်းစလုံးကို ဇန်နဝါရီတွင် လှုပ်ရှားကြရန် ဖိအားပေးနေ သကဲ့သို့ ဖြစ်နေသည်။

လာလီဂါအမှတ်ပေးဇယားအောက်နားသို့ ရောက်နေသည့် ဗလင်စီယာအသင်းသည် ၎င်းတို့ကို အခက်အခဲကြားမှ ဆွဲထုတ်နိုင် မည့်သူအဖြစ် ဟာနန်ဒက်ဇ်ကို သတ်မှတ်ထားသည်။

ထို့ပြင် အင်္ဂလိပ်ပြိုင်ဘက်နှစ်သင်းကို ခေါင်းခဲစေနိုင်သည့် ပေါင် ၃၃ ဒသမ ၅ သန်းဖြင့်လည်း ဟာနန်ဒက်ဇ်ကို ကမ်းလှမ်းဖွယ်ရှိ နေသည်။

စပါးအသင်းမှာ ဟာနန်ဒက်ဇ်၏စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၃ ဒသမ ၅ သန်းထက်နည်းပြီး ကမ်းလှမ်းရန်ဆန္ဒရှိနေသည်။`

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required