ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရရန် မိမိတွင် အရည်အသွေးရှိဟု ဘာလော့တယ်လီပြော

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရရန် မိမိတွင် အရည်အသွေးရှိဟု ဘာလော့တယ်လီပြော

ဒီဇင်ဘာ ၁၀၊ နိုက်စ်။                ။ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဘာလော့တယ်လီက ၎င်းတွင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရနိုင်သည့် ခြေစွမ်းမျိုးရှိသည်ဟု ယုံကြည်နေသည်။

ပြင်သစ်လိဂ်-၁ ကလက် နိုက်စ်တွင် ကစားနေသည့် တိုက်စစ်မှူးက ဒဏ်ရာပြဿနာများမှာ ၎င်း၏ တိုးတက်မှုအရှိန်ကို နှောင့်နှေး စေသော်လည်း တစ်နေ့တွင် ရွှေဘောလုံးဆုကို ကိုင်မြှောက်နိုင်မည်ဟု ယုံကြည်နေသည်။

ရွှေဘောလုံးဆုကို မက်ဆီအပြင် ကိုင်မြှောက်နိုင်စွမ်းရှိသည့် တစ်ဦးတည်းသော ကစားသမားဖြစ်သော စီရော်နယ်ဒိုမှာ ၂၀၁၆ ခုနှစ်အတွက် ရေပန်းစားနေသည်။

လက်ရှိတွင် ယင်းကစားသမားနှစ်ဦးမှာ အကောင်းဆုံးဖြစ်နေသော်လည်း အနာဂါတ်တွင်မူ မိမိအတွက် အခွင့်အရေးရှိလာမည်ဟု ဘာလော့တယ်လီက ဆိုသည်။

“ရော်နယ်ဒိုနဲ့ မက်ဆီက လက်ရှိမှာအကောင်းဆုံးဖြစ်နေပြီး သူတို့ကို မကြိုက်တဲ့သူ မရှိကြဘူး။ ဒါပေမဲ့ တကယ်လို့ ကျွန်တော်သာ ခြေစွမ်းပြနိုုင်တဲ့ ရာသီတစ်ခုရှိခဲ့မယ်၊ ဒဏ်ရာလည်း ကင်းနေမယ်ဆိုရင်   ရွှေဘောလုံးဆုရဖို့ ဘာလို့မဖြစ်နိုင်ရမှာလဲ။

ကျွန်တော် ရွှေဘောလုံးဆုရတဲ့ တစ်နေ့မှာတောင် ရော်နယ်ဒိုနဲ့ မက်ဆီက လေး၊ ငါးကြိမ်လောက်ရပြီးဖြစ်နေလို့ အကောင်းဆုံးဖြစ် နေကြဦးမှာပါပဲ”ဟု အသက် ၂၆ နှစ်အရွယ် ဘာလော့တယ်လီက ဆင်ဟွာသတင်းဋ္ဌာနသို့ ပြောသည်။

လီဗာပူးလ်တွင်တစ်ဂိုး၊ အေစီမီလန်တွင် အငှားဖြင့်ကစားစဉ် တစ်ဂိုးသာသွင်းနိုင်သည့် ဘာလော့တယ်လီသည် နိုက်စ်အသင်း တွင်မူ ဂိုးသွင်းခြေပြန်တွေ့နေပြီး ပြင်သစ်လိဂ်-၁ ဂိုး ခြောက်ဂိုး သွင်းယူ ထားသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required