ထိုင်းတွင် ပြည်နယ်ငါးပြည်နယ် ရေကြီးမှု ကြံုနေဆဲဖြစ်

ထိုင်းတွင် ပြည်နယ်ငါးပြည်နယ် ရေကြီးမှု ကြံုနေဆဲဖြစ်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၀ ။                       ။ ရေကြီးရေလွှမ်းမှုများ ကြံုနေသော ထိုင်းနိုင်ငံ၌ ရေပြန်ကျလျက်ရှိပြီ ဖြစ်သော်လည်း ပြည်သူ ခုနစ်သိန်းကျော် နေထိုင်ရာ တောင်ပိုင်းပြည်နယ် ငါးခုတွင် ရေလွှမ်းမိုးနေဆဲဖြစ်သည်။

ဒီဇင်ဘာ ၉ ရက်နေ့အထိ နက်ခွန်စီသမ်မာရတ်၊ ပတ်သာလန်၊ ဆွန်ခလာ၊ ဆူရတ်ဌာနီနှင့် ထရန်ပြည်နယ်များတွင် နယ်မြေဧရိယာအများအပြား ရေလွှမ်းနေဆဲဖြစ်သည်။

နက်ခွန်စီသမ်မာရတ်တွင် ခရိုင်ခုနစ်ခု ရေကြီးရေလွှမ်းမှု ကြံုနေကြောင်း သဘာဝဘေးတားဆီးရေးနှင့် လျော့ပါးသက်သာရေးဌာနမှ ညွန်ကြားရေးမှူးချုပ်ဖြစ်သူ ချတ်ချိုင်းဖရွမ်လက်က ပြောသည်။

ပတ်သာလန်တွင် ဘန်ကွီး၊ ခိုချာဆန်၊ ပတ်ဖယန်စသည့် ခရိုင်ငါးခုတွင်လည်း ရေလွှမ်းနေဆဲဖြစ်သည်။

ဆွန်ခလာတွင် ခရိုင်လေးခုနှင့် ဆူရတ်ဌာနီတွင် ခရိုင်သုံးခု ရေကြီးမှု ကြံုနေဆဲဖြစ်ကာ ထရန်တွင်လည်း ခရိုင်သုံးခု ရေလွှမ်းလျက် ရှိဆဲဖြစ်သည်။

တောင်ပိုင်းတွင် မိုးပါးစပြုလာပြီဖြစ်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်သည်။ မြေနိမ့်ပိုင်းများတွင် ရေကြီးနေဆဲဖြစ်ရာမှ အနီးရှိပင်လယ်တွင်းသို့ တစ်ဖြည်းဖြည်းစီးဝင်ကာ ရေပြန်ကျနေလျက်ရှိကြောင်း ဌာနေအာဏာပိုင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required