ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရရှိသူ ၆၂ ဦးထိရှိ

ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရရှိသူ ၆၂ ဦးထိရှိ
(ဓာတ်ပုံ - ဒေသခံတစ်ဦး)

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၀ ရက်နေ့မှ ဒီဇင်ဘာ ၉ ရက်နေ့ထိ သေဆုံးသူ ၂၉ နှင့် ဒဏ်ရာရရှိသူ ၆၂ ဦးအထိ တိုးမြင့်လာကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီဇင်ဘာ ၉ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

KIA (ကချင်)၊ TNLA (တအောင်းပလောင်)၊ MNDAA (ကိုးကန့်)နှင့် AA (ရခိုင်)ပူးပေါင်းအဖွဲ့များ နိုဝင်ဘာ ၂၀ရက်နေ့ နံနက်ပိုင်းမှ စပြီး တိုက်ခိုက်တာကြောင့် လက်ရှိအချိန်မှာ တပ်မတော်သား တစ်ဦး၊ရဲဝန်ထမ်း ၁၅ ဦး၊ ပြည်သူ ၁၃ ဦး၊ စုစုပေါင်း ၂၉ ဦးသေဆုံးပြီး ရဲဝန်ထမ်း ၁၁ဦး၊ ပြည်သူ ၄၉ဦး၊ ဝန်ထမ်း ၂ဦး၊ စုစုပေါင်း ၆၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား ပူးပေါင်း လက်နက်ကိုင်အဖွဲ့များက နိုဝင်ဘာ ၂၀ရက်နေ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့မှ လက်နက် ၄၉ လက်ဆုံးရှုံးခဲ့ရပြီး ၉ လက် ပြန်လည်ရရှိထားတာကြောင့်လက်နက်မျိုးစုံ ၄၀လက် ဆုံးရှုံးလျက်ရှိပါတယ်။

Ref; State Counsellor Office Information Committee

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required