တောင်ကိုရီးယားသမ္မတအား စွပ်စွဲပြစ်တင်ရေးအဆို လွှတ်တော်တွင် မဲခွဲမှု အောင်မြင်

တောင်ကိုရီးယားသမ္မတအား စွပ်စွဲပြစ်တင်ရေးအဆို လွှတ်တော်တွင် မဲခွဲမှု အောင်မြင်
ဓာတ်ပုံ-efe_epa

ဒီဇင်ဘာ ၉ ။                ။ တောင်ကိုရီးယားသမ္မတ ပက်ဂွန်ဟေးအား စွပ်စွဲပြစ်တင်ရေး အဆိုကို ဒီဇင်ဘာလ ၉ ရက်က လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ အောင်မြင်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သမ္မတအား အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်ရေး အဆိုအား ပါလီမန်တွင် မဲပေးသူ သုံးပုံနှစ်ပုံကျော်က ထောက်ခံမဲပေးကြသည်ဟုလည် သိရသည်။

ယခုကဲ့သို့ သမ္မတအား စွပ်စွဲပြစ်တင်ရန် လွှတ်တော်အမတ်များက မဲခွဲဆုံးဖြတ်မှု အောင်မြင်ခဲ့ပြီးနောက် ယခုအခါ သူမအနေဖြင့် လုပ်ပိုင်ခွင့်အာဏာများအားလုံးကို ၀န်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ရတော့မည် ဖြစ်သည်။

ပက်အပေါ် စွဲချက်များကို စစ်ဆေးကြားနာမည့်ကာလမှာ အများဆုံး ခြောက်လအထိ ကြာမြင့်သွားနိုင်မည်ဖြစ်ပြီး ယင်းကာလအတွင်း သူမမှာ အိမ်ပြာတော်တွင် ဆက်ရှိနေမည်ဖြစ်သော်လည်း အမည်ခံသက်သက်အဖြစ်သာ ရှိနေရမည်ဟုလည်း သိရသည်။

ယခု အခြေအနေများကြောင့် နိုင်ငံရေးအရ မတည်မငြိမ်မှုများကို ထပ်မံတိုးမြင့်သွားစေသကဲ့သို့ စီးပွားရေးတိုးတက်မှုနှေးကွေးနေသည့်အချိန်၊ အလုပ်လက်မဲ့မှုနှုန်းတိုးမြင့်နေသည့် အချိန်နှင့်   မြောက်ကိုရီးယားနှင့် စစ်ရေးတင်းမာမှု တိုးမြင့်နေသည့်အချိန်တွင် မူဝါဒရေးရာချမှတ်မှုအပိုင်းအတွက် တုံ့ဆိုင်းမှုများဆီသို့ ဦးတည်စေခဲ့ပြီဖြစ်သည်။

" ခုလိုဖြစ်ရတဲ့အတွက် တောင်ကိုရီးယားပြည်သူတွေအားလုံးကို ကျွန်မတောင်းပန်ချင်ပါတယ်၊ ကျွန်မ သတိမထားမိတဲ့အရာတွေကြောင့် ခုလိုမျိုး မတည်မငြိမ်မှုတွေ ကျွန်မဖန်တီးမိခဲ့ပါတယ်" ဟု ပက်ဂွန်ဟေးက ရုပ်သံမှတဆင့် ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required