ပရိတ်သတ်များအား အံ့သြသင့်စေခဲ့တဲ့ တေလာဆွစ်နှင့် ဇိန်းမာလစ်တို့ အတူဆိုထားတဲ့ သီချင်းသစ်

ပရိတ်သတ်များအား အံ့သြသင့်စေခဲ့တဲ့ တေလာဆွစ်နှင့် ဇိန်းမာလစ်တို့ အတူဆိုထားတဲ့ သီချင်းသစ်

၂၀၁၄ ခုနှစ်ကတည်းက ၁၉၈၉ အယ်လ်ဘမ်ထွက်ရှိအပြီး ဂီတအသစ်တွေ ထွက်ရှိမလာခဲ့တဲ့ ပေါ့အဆိုကျော် တေလာဆွစ်ဟာ လွန်ခဲ့သော ကြာသာပတေးနေ့ညက One Direction အဖွဲ့ဝင်ဟောင်း ဇိန်းမာလစ်နှင့်အတူ “I Don’t Wanna Live Forever” ဆိုတဲ့ စုံတွဲသီချင်းအသစ် နဲ့ သူမရဲ့ပရိသတ်တွေကို အံံံံ့သြသင့်စေခဲ့ပါသည်။

နာမည်ကျော်ဇာတ်ကား “Fifty Shades of Grey”ရဲ့ နောက်ဆက်တွဲဇာတ်ကား “Fifty Shades Darker”ရဲ့ ဇာတ်ဝင်တေးအဖြစ် သီဆိုထားတဲ့သီချင်းအသစ်ဟာ အခပေးပြီးနားဆင်ရမယ့် သီချင်း ၀က်ဘ်ဆိုက်တွေမှာ စတင်ထုတ်လွှင့်ပေးနေပြီ ဖြစ်ပါသည်။ တေလာဆွစ်ဟာ ဒီသီချင်းကို တေးရားဆရာ Sam Dew၊ Jack Antonoff တို့နှင့်အတူ ရေးစပ်ခဲ့ခြင်းဖြစ်ပါသည်။

တေလာဆွစ် သီချင်းသစ်ထွက်ရှိလာတဲ့ သတင်းကို သူမရဲ့တွစ်တာအကောင့်က ပရိတ်သတ် ၈၂.၂ သန်းအား “Z | T | 50” ဆိုသည့် ပို့စ်နှင့်အတူ အသိပေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ပို့စ်အား ပြန်လည် တွစ် လုပ်သည့် အကြိမ်ရေဟာ တစ်နာရီအတွင်း အကြိမ် ၁၅.၀၀၀ ရှိခဲ့ပါသည်။ ဒါ့အပြင် အဆိုပါ သီချင်းဟာလည်း USiTunes ဇယားမှာ ထွက်ရှိပြီးပြီးချင်း တစ်နာရီအတွင်းမှာပဲ ထိပ်ဆုံးကို   ရောက်ရှိသွားခဲ့ ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly