သူမ၏ အသံအား အနားပေးရမည်ဖြစ်သောကြောင့် ဖျော်ဖြေပွဲများကို မက်ဂန်ထရိန်နာ ပယ်ဖျက်လိုက်ရ

သူမ၏ အသံအား အနားပေးရမည်ဖြစ်သောကြောင့် ဖျော်ဖြေပွဲများကို မက်ဂန်ထရိန်နာ ပယ်ဖျက်လိုက်ရ

အသက်၂၂အရွယ်ရှိ အဆိုတော် မက်ဂန်ထရိန်နာဟာ သူမ၏အသံကို အနားပေးရမည်ဟုဆရာဝန်ကညွှန်ကြား သောကြောင့် အနားယူမည့်အကြောင်းကိုပြီးခဲ့သောကြာသာပတေးနေ့က သူမ၏အင်စတာဂရမ်မှာကြေညာခဲ့ ပါသည်။

“ကျမ နေလို့မကောင်းဘူးလို့ပြီးခဲ့တဲ့အပတ်ကတင်ခဲ့ပါတယ်၊ ဒါပေမယ့် ကျမတတ်နိုင်သလောက်အားပြန်ရှိလာ ဖို့အကောင်းဆုံးကြိုးစားနေတယ်လို့လည်းပြောခဲ့ပါတယ်၊ဒါပေမယ့်ကံမကောင်းစွာနဲ့ပဲ ကျမနေပြန်ကောင်းမလာ ပဲ ဆရာဝန်ကနောက်ထပ်ရက်သတ္တပတ်နှစ်ပတ်လောက်အနားပေးရမယ်လို့ ဒီနေ့ဆေးခန်းကအပြန်မှာပဲပြောခဲ့ ပါတယ်” လို့ အဆိုတော်က သူမရဲ့အင်စတာဂရမ်ကနေ ပရိတ်သတ်တွေကို ရေးသားအသိပေးခဲ့ပါသည်။

မက်ဂန်ထရိန်နာဟာ လာမည့်ရက်သတ္တပတ်များမှာ နယူးယောက်စီးတီး၊ ၀ါရှင်တန်၊ ဖလော်ရီဒါ၊ ကွန်နက်တီ ကတ် တို့နဲ့ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်ဖျော်ဖြေပွဲများပြုလုပ်ဖို့အစောပိုင်းတုန်းက အစီအစဉ်ဆွဲထား ခဲ့ပါသည်။

“ဒါဟာကျမကို သေလုမတတ်ခံစားရစေပါတယ်၊ဘာလို့လဲဆိုတော့ ကျမဟာလမ်းတစ်လျှောက်ရှင်တို့ပရိသတ် တွေနဲ့တွေ့ဖို့စိတ်လှုပ်ရှားနေခဲ့ရတာပါ၊ အခုကျမအိမ်ပြန်ပြီးအနားယူပါတော့မယ်၊ဒါမှကျမနေမြန်မြန်ကောင်းလာ ပြီးရှင်တို့နဲ့ အမြန်ဆုံးပြန်တွေ့နိုင်မှာပါ”လို့ သူမကဆက်လက်ရေးသားခဲ့ပါသည်။ တစ်ဆက်တည်းမှာပဲ သူမဟာ လာမည့်နယူရီးယားပွဲမှာဖျော်ဖြေမည့်အကြောင်းကို ပရိတ်သတ်များအားကတိပေးခဲ့ပါသည်။

မက်ဂန်ထရိန်နာဟာ “All About The Bass” “Dear Future Husband” သီချင်းများနှင့်ပရိတ်သတ်များကြား ကျော်ကြားသည့်အဆိုတော်တစ်ယောက်ဖြစ်ပါသည်။

Ref: People

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly