အိန္ဒိယတွင် နိုင်ငံရေးသြဇာရှိ အမျိုးသမီး ကွယ်လွန်၍ ဝမ်းနည်းသူများက ခေါင်းတုံးရိတ်ကာ လေးစားမှုကို ပြသ

အိန္ဒိယတွင် နိုင်ငံရေးသြဇာရှိ အမျိုးသမီး ကွယ်လွန်၍ ဝမ်းနည်းသူများက ခေါင်းတုံးရိတ်ကာ လေးစားမှုကို ပြသ

နယူးဒေလီ၊ ဒီဇင်ဘာ ၈ ။                ။ အိန္ဒိယတွင် နိုင်ငံရေးသြဇာရှိသော အမျိုးသမီး ဂျေဂျေယာလာလိသာ ဒီဇင်ဘာ ၅ ရက်က ကွယ်လွန်ခဲ့ခြင်းအတွက် ဝမ်းနည်းကြေကွဲသူများက   ခေါင်းတုံးရိတ်ကာ လေးစားမှုကို ပြသသည်။

တမီလ်နာဒူးပြည်နယ်၏ ဝန်ကြီးချုပ်လည်းဖြစ်သည့် ဂျေယာလာလိသာ၏ ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သော စျာပနသို့ ထောင်ပေါင်းများစွာသော ပြည်သူများ တက်ရောက်ခဲ့သည်။

အသက် ၆၈ နှစ်တွင် ကွယ်လွန်သည့် ယခင်မင်းသမီးဟောင်းတစ်ဦးလည်းဖြစ်သည့် ဂျေယာလာလိသာအား ချင်းနိုင်ရှိ မာရီနာဆိပ်ကမ်းတွင် သင်္ဂြိုဟ်ခြင်းဖြစ်သည်။ ၎င်းကွယ်လွန်ခြင်းကြောင့် ဝမ်းနည်းကြေကွဲသူများစွာ ရှိနေသည်။

ခေါင်းတုံးရိတ်ကာ ကွယ်လွန်သူအား လေးစားမှု ပြသခြင်းသည် ဟိန္ဒိူဓလေ့တစ်ခုဖြစ်ပြီး ဆွေမျိုးရင်းချာများ သေဆုံးလျှင် ပြုလုပ်လေ့ရှိသည့် ဓလေ့တစ်ခုဖြစ်သည်။

ဂျေယာလာလိသာ၏ သချိုင်းမြေပုံကို ဝိုင်းရံထားသော ပလတ်စတစ်ခုံများပေါ်၌ ထိုင်နေကြသည့် ၎င်းအား ထောက်ခံသူများက ခေါင်းမှဆံပင်များကို အရိတ်ခံကြခြင်းဖြစ်သည်။

ထိုသို့ ခေါင်းတုံးရိတ်ကြခြင်းဖြင့် ဟိန္ဒိူနတ်ဘုရားများထံမှ ကောင်းချီးပေးရန် ဆုတောင်းနိုင်ပြီး ကံကောင်းခြင်းများ ရရှိသည်ဟု ဘာသာရေးအယူ ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required