တစ်ချိန်မှာ ဘောလုံးလောကမှ အနားယူပြီးနောက် ရုပ်ရှင်ကြယ်ပွင့်ဖြစ်လာမယ့် အစီအစဉ်ရှိတဲ့ ရော်နယ်လ်ဒို

တစ်ချိန်မှာ ဘောလုံးလောကမှ အနားယူပြီးနောက် ရုပ်ရှင်ကြယ်ပွင့်ဖြစ်လာမယ့် အစီအစဉ်ရှိတဲ့ ရော်နယ်လ်ဒို

စီရော်နယ်လ်ဒိုဟာ ယခုအချိန် ရီးယဲလ်မက်ဒရစ်မှာ အဓိက ကစားသမားဖြစ်နေပေမယ့် အနာဂတ်မှာ ဟောလိဝုဒ်ရုပ်ရှင်ရဲ့ ကြယ်ပွင့်အဖြစ် မြင်တွေ့နိုင်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

ပေါ်တူဂီစူပါစတားဟာ ရီးယဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား၊ ပေါ်တူဂီအသင်းနှင့်အတူ ယူရို ၂၀၁၆ ဖလားတို့ကို ဆွတ်ခူးရယူခဲ့ပြီးနောက် ဒီနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ရရှိဖို့ ရေပမ်းအစားဆုံးဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရေယ်နယ်လ်ဒိုဟာ တစ်ချိန်ချိန်မှာ ဘောလုံးလောကကနေ အနားယူခဲ့မယ်ဆိုရင် ဟောလိဝုဒ်ရုပ်ရှင်လောကကို ခြေချဖို့ မျက်စိကျနေတယ်လို့ ဆိုပါတယ်။

"ဘဝက ဘောလုံးတစ်ခုတည်းအတွက်ပါ။ ဘောလုံးလောကကနေ ထွက်ခွာပြီးတဲ့နောက်မှာ ကျနော် ရုပ်ရှင်လောကထဲ ဝင်ဖို့ နှစ်သက်ပါတယ်။"လို့ ရော်နယ်လ်ဒိုက FourFourTwo နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ပြင်သစ်ဘောလုံးမဂဇင်းက ၂၀၁၆ Ballon d’Or ဆုရှင်ကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကြေညာမှာဖြစ်ပြီး ရော်နယ်လ်ဒိုဟာ ဆုရဖို့ ကြိုတင်သိရှိပြီးပြီလို့ စပိန်သတင်းများက ဖော်ပြထားပါတယ်။ ရော်နယ်လ်ဒိုဟာ ဖီဖာက ချီးမြှင့်တဲ့ ဒီနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု The Best ကို ရရှိဖို့လည်း ရေပမ်းစားနေပါတယ်။

မက်ဒရစ် စူပါစတားဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားထဲက ဒေါ့မွန်ရဲ့ အူဘာမီယန်း၊ ဘိုင်ယန်ရဲ့ ဂျရုမ်းဘိုတန်၊ လက်စတာရဲ့ မာဇက်နှင့် ဘာစီလိုနာရဲ့ ဆွာရက်ဇ်တို့နဲ့အတူ တွဲရပ်ပြီး FourFourTwo ထုတ်ဝေတဲ့ ၂၀၁၆ ပြန်လည်သုံးသပ်ခြင်း မျက်နှာဖုံးဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီတော့ ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required