နိုင်ငံတော်သမ္မတ ဦးထင်ကျော် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးထင်ကျော် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ
(ဓာတ်ပုံ - MOI)

မြန်မာနိုင်ငံကြက်ခြေနီအသင်း နာယက၊ နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာ ဒီဇင်ဘာလ ရ ရက်နေ့က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမြသူနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များအား နို်င်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသင်းရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နို်င်ငံတော်သမ္မတက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရှိရပါတယ်။

ယင်းနောက် နိုင်ငံတော်သမ္မတဟာ မြန်မာနို်င်ငံကြက်ခြေနီအသင်းရဲ့ ရာသက်ပန်အသင်းဝင်အဖြစ် ဝင်ရောက်ပြီး အလှူငွေ ကျပ် ၁ သိန်း ပေးအပ်လှူဒါန်းပါတယ်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးလည်း တက်ရောက်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေ ပုဒ်မ ၄ အရ နိုင်ငံတော် သမ္မတဟာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ နာယကဖြစ်ကြောင်း သိရပါတယ်။

Source: MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required