အပစ်ရပ် လက်မှတ်မထိုးရသေးသည့် DPN နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ဆွေးနွေးပွဲရွှေ့ဆိုင်း

အပစ်ရပ် လက်မှတ်မထိုးရသေးသည့် DPN နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ဆွေးနွေးပွဲရွှေ့ဆိုင်း
ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန်၊ ဒီဇင်ဘာ ရ ။                ။ အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (DPN) နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့  ဒီဇင်ဘာလအတွင်း တွေ့ဆုံဆွေးနွေးမည့်ရက်ကို နောက်ဆုတ်ရွှေ့ဆိုင်းလိုက်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေက မဇ္စျိမသို့ပြောသည်။

DPN  နှင့် ငြိမ်းချမ်းရေးကော်မရှင် တို့ ရန်ကုန်မြို့ရှိ NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန) တွင် ဒီဇင်ဘာ ၁၁ ရက်၌ ဆွေးနွေးကြရန် ယခင်က သဘောတူထားခြင်းဖြစ်သည်။

နောက်ဆုတ်ရွှေ့ဆိုင်းရခြင်းနှင့် ပတ်သက်ပြီး “ DPN ကအဖွဲ့့အစည်းက ခေါင်းဆောင်တချို့ကလည်း အခုချိန်မှာမအားလပ်သေးဘူးဆိုတာသိတော့ ၁၁ ရက်နေ့တော့ ဖြစ်ဖို့မရှိဘဲနဲ့ အဲ့ဒီ့နောက်ပိုင်းတော့ ဖြစ်ဖို့မျှော်လင့်ထားပါတယ် ” ဟု ဦးလှမောင်ရွှေက ပြောသည်။

ရက်ရွှေ့ဆိုင်းထားသော်လည်း မည်သည့်ရက်တွင် ဆက်လက်ဆွေးနွေးမည်ကိုမူ ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

DPN သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ အပစ်ရပ်လက်မှတ် (Nationwide Ceasefire Agreement- NCA) မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ရ ဖွဲ့၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်များဖြစ်သည့် KIA ၊ AA၊ TNLA၊ MNDAA  တို့နှင် ့တပ်မတာ်အကြား နိုဝင်ဘာလအတွင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး “ မူဆယ်၊ ၁၀၅ မိုင်ကဲ့သို့နေရာမျိုးတွင် တိုက်ပွဲဖြစ်ပွားခြင်းသည် နှစ်ဖက်စလုံးတွင် အဆင်မပြေမှုတစ်ချို့ရှိနေစေပြီး ဆွေးနွေးပွဲလမ်းကြောင်းဖြင့် သွားနိုင်ရန်ကြိုးစားနေကြောင်း ” ၄င်းကဆက်လက်ပြောဆိုသည်။

DPN ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးကော်မရှင်သည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မတိုင်ခင် NCA လက်မှတ်ထိုးနိုင်ရေးအတွက် ညှိနှိုင်းနေကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required