အလီပိုမြို့ဟောင်းမှ သူပုန်များ တပ်ဆုတ်ခွာ

အလီပိုမြို့ဟောင်းမှ သူပုန်များ တပ်ဆုတ်ခွာ

အလီပို၊ ဒီဇင်ဘာ ရ ။             ။ တိုက်ပွဲများ ဖြစ်ပွားနေသည့် အလီပိုမြို့သိမ်းတိုက်ပွဲတွင် အရပ်သားများ ထွက်ခွာခွင့်အတွက် ငါးရက်တာ အပစ်ရပ်ရေး တောင်းဆိုလျက်ရှိစဉ် ဆီးရီးယားသူပုန်များက ၎င်းတို့သိမ်းပိုက်ထားသော နောက်ဆုံးနယ်မြေဖြစ်သည့် အလီပိုမြို့ဟောင်းကို စွန့်ခွာကာ တပ်ဆုတ်သွားရပြီဖြစ်သည်။

ပြင်းပြင်းထန်ထန် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဆီးရီးယား၏ ဒုတိယမြို့တော် အလီပိုကို ပြန်လည်လက်ရကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

အလီပိုမြို့ဟောင်းတစ်ခုလုံးအား အစိုးရတပ်များက လက်ရသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းက အတည်ပြုသည်။

လက်ရှိတွင် သူပုန်များ လေးနှစ်တာ သိမ်းပိုက်ထားသည့် အလီပိုမြို့တစ်ခုလုံး၏ ရ၅ ရာခိုင်နှုန်းကို အစိုးရတပ်များကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

အစိုးရတပ်များ၏ ထိုးစစ်ကြောင့် သူပုန်တို့၏ ခံတပ်ဖြစ်သော မြို့အရှေ့မြောက်ပိုင်းကို ထားရစ်ကာ ဒီဇင်ဘာ ရ ရက် နံနက်ပိုင်းတွင် ၎င်းတို့ သိမ်းပိုက်ထားနိုင်ဆဲ တောင်ဖက်ပိုင်းသို့ ဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required