လူငယ်တွေ ဘာကြောင့် စာမဖတ်ကြတော့တာလဲ

လူငယ်တွေ ဘာကြောင့် စာမဖတ်ကြတော့တာလဲ

အခု ကျွန်တော် စာအုပ်စျေးရောင်းပွဲတော် တစ်ခုကိုရောက်နေတယ် ။ ဒီနေရာမှာလူငယ်တွေကို သိပ်မတွေ့ရဘူး ။ လူငယ်တွေက စာမဖတ်တော့တာလား။  ဘာကြောင့် လူငယ်တွေက စာမဖတ်တော့တာလဲ ဆိုတာကို ကျွန်တော် အခုပဲ လိုက်မေးကြည့်လိုက်ဦးမယ်။

ဒီဘက်ခေတ်လူငယ်တွေ စာမဖတ်ဘူးဆိုတာကိုတော့ ညီမသိပ်လက်မခံဘူး။ ဘာလို့လဲဆိုတော့ ညီမတွေ့မြင်ရသလောက် ပတ်ဝန်းကျင်က ညီမသူငယ်ချင်းတွေ ၊ ရွယ်တူတော်တော်များများ စာဖတ်ကြပါတယ် ။ လူငယ်တွေအားလုံး မဖတ်တာတော့မဟုတ်ဘူး ။ လူငယ်တွေက တစ်ချို့အနည်းစုလောက်ပဲ မဖတ်ကြတာပဲ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ နောက်တစ်ခုက အခုနောက်ပိုင်းမှာ စာအုပ်စာပေကောင်းတွေ အများကြီးထွက်လာတယ်။ နောက်ညီတို့အရွယ်ဆိုရင်ပေါ့နော် အလုပ်မရှိသေးလို့ရှိရင် ကိုယ်ပိုင်ဝင်ငွေနဲ့ စာအုပ်တွေအကုန်လုံးဝယ်ပြီးဖတ်ဖို့ကလေ သိပ်အဆင်မပြေဘူးပေါ့နော် ။ အဲ့ဒါကြောင့်လည်း ပါ ပါလိမ့်မယ် ။ နောက် နယ်ကလူတွေကြတော့ စာအုပ်ဝယ်ဖို့အလှမ်းမမှီဘူး။ ရန်ကုန်လို၊ မန္တလေးလိုနေရာမျိုးလောက်မှာပဲ ဝယ်စရာ စာအုပ်ဆိုင်တွေ စာအုပ်ပေါပေါများများတွေရှိတယ် ။ နယ်ကလူတွေအတွက်ကြတော့ စာအုပ်ဝယ်ဖို့တော်တော်ခတ်တယ်။ အဲ့ဒါတွေကြောင့်မို့လို့ စာဖတ်အားနည်းတယ်လို့မြင်ပါတယ် ။

 

 

ကိုယ်တွေငယ်ငယ်တုန်းကဆိုလို့ရှိရင် ဒီနည်းနည်းလေး သိတတ်လာပြီအ ရွယ်ထဲကဆိုလို့ရှိရင် ကျောင်းပိတ်ရက်တို့ဘာတို့ဆိုရင် စာအုပ်ဆိုင်တို့ စာကြည့်တိုက်တို့သွားတယ်လေ။ အခုနောက်ပိုင်း လူငယ်တွေကြည့်တာ စာကြည့်တိုက်တို့ကိုမသွားတော့ဘူး။ စာအုပ်ဆိုင်တို့လည်း မသွားတော့ဘူး။ ဘာလို့လဲဆိုတော့ ဒီဖုန်းကိုပဲ အသုံးပြုနေကြတယ် ။ အဲ့လိုမျိုးပေါ့နော် တစ်ချို့တွေကြတော့လည်း ဖုန်းကိုသုံးတာ ဘယ်လိုခေါ်မလဲ။ ကောင်းတဲ့အတွက်လည်း ရည်ရွယ်ချက်နဲ့ သုံးသလို တစ်ချို့တွေကြတော့ အပျော်သက်သက်သုံးတာမျိုးရှိတယ်ပေါ့နော် ။ဒါအခုနောက်ပိုင်းလူငယ်တွေ။ ဟုတ်တယ် ဘယ်လိုခေါ်မလဲ စာဖတ်နှုန်းနည်းလာတယ် ။တော်ရုံတန်ရုံ ဒီဖုန်းပေါ်က တက်လာတဲ့သတင်းတွေကိုပဲ ဟုတ်တာ၊ မဟုတ်တာ သူတို့မသိဘူး ။ အဲ့ထဲမှာ Like ပေးရင်ပေးလိုက်မယ်။ ပြီးလို့ရှိရင် Comment တွေဝင်ပြီးရေးကြ ၊ အဲ့လိုပုံစံမျိုးနဲ့ပဲ ဖြစ်နေကြတယ်။

 

 

 

အခုခေတ်က Social Media တွေ အရမ်းများနေတယ်။ ဥပမာ Facebook တို့ ၊Twitter တို့ ၊ Instagram တို့ဘာတို့ သုံးတော့ကြတော့ အဲ့လို စာဖတ်အားနည်းတယ်လို့ ထင်တယ်ရှင့်။

 

 

 

 

 

 

လူငယ်တွေစာမဖတ်တာ အဲ့လိုမျိုး ဂိမ်းတွေ၊ အင်တာနက်ဂိမ်း၊ အဲ့လိုမျိုး ဥစ္စာတွေ အလွန့်အကျွံဆော့တဲ့အတွက် စာဖတ်တာကို အားနည်းသွားတယ်လို့ ထင်ပါတယ်။

 

 

 

 

 

 

Social Media တွေကိုပဲ ပိုပြီးတော့ ဂရုစိုက်လာတယ်ပေါ့နော်။ Facebook တို့ ၊Entertainment တွေ ရုပ်ရှင်တွေ ၊အဲ့ဒါတွေကြောင့်မို့လို့ စာဖတ်အားနည်းလာတယ်လို့ထင်တယ်။  ပြီးတော့ နဂိုထဲက စာဖတ်တဲ့အလေ့အကျင့်မရှိတာလည်း ပါမှာပေါ့။  အဲ့လိုထင်တယ်။

 

 

 

 

 

 

ဟုတ်ကဲ့ ။ ကျွန်တော်ထင်တာတော့ ဒီအခုလူငယ်တွေ တော်များများက Facebook သုံးကြတယ်ဗျ ။ Facebook တို့ ၊ Social Media ပေါ့ ။ အဓိက က အဲ့ဒါတွေသုံးကြရင်းနဲ့ စာအုပ်တွေဘက်မလှည့်နိုင်တော့ဘူးလို့ ထင်ပါတယ်။

 

 

 

 

 

ဟုတ်ကဲ့ ၊ အခုခေတ်လူငယ်တွေ စာမဖတ်တော့တဲ့အကြောင်းအရင်းကတော့ အဓိက Social Media ပေါ့နော်။ Social Media တွေပေါ်လာတာနဲ့အမျှ ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ အဲ့ Social Media ရဲ့ Influence ကျွန်တော်တို့အပေါ်မှာ အရမ်းကို Over Influence ဖြစ်တယ်ပေါ့နော် ။ အဲဒါကြောင့် ကျွန်တော်တို့က Social Media တွေအပေါ်လိုက်စားပြီးတော့ စာအုပ်စာပေတွေအပေါ် မေ့လျော့လာတယ် ။ အရင်ကဆို ကျွန်တော်တို့က အားလပ်ချိန်ဆို ဖုန်းတွေမရှိတုန်းက အချိန်ကျတော့ ဘာမှလုပ်စရာမရှိတော့ စာဖတ်မယ်၊ ဝတ္ထုဖတ်မယ် ။ အပြင် ဗဟုသုတဟာတွေကို လေ့လာမယ် ။အခုကျတော့ Facebook တို့ ၊ Viber တို့ပေါ်လာတော့ အဲ့မှာ Chatting နဲ့ပဲကုန်တယ် ။ Online မှာ E-Book တွေတော့ရှိတယ်ပေါ့နော် ။ E-Book တွေကလည်း ဘယ်လိုပဲဖြစ်ဖြစ် အပြင်လောကစာအုပ်နဲ့ E-Book ဆိုတာလည်း ကွာပါတယ် ။ အဲ့ဒါကြောင့်ပါ စာမဖတ်တာကြာတော့ ပိုပြီးတော့ ပျင်းလာတယ် ။ ပိုပျင်းလာတော့ မဖတ်ချင်တော့ဘူး။ ကြာတော့ ဝေးသထက်ဝေးရင်းနဲ့ လူငယ်တွေအဲ့လိုဖြစ်တာလို့ပဲထင်ပါတယ် ။ဟုတ်ကဲ့ပါ။

 

 

ကဲ ကျွန်တော့သူငယ်ချင်းတွေကတော့ လူငယ်တွေဘာကြောင့် စာမဖတ်တော့တာလဲဆိုတာကိုတော့ သူတို့ရဲ့အမြင်တွေကိုပြောပြခဲ့ပြီးပါပြီ ။ သူငယ်ချင်းတို့ကလည်း လူငယ်တွေ ဘာကြောင့် စာမဖတ်တော့တာလဲဆိုတာကို ကျွန်တော်တို့ရဲ့ yope FB နဲ့ yope WEB မှာ ဝင်ရောက်၍ Comment လေး ပေးခဲ့ကြပါဦး ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required