၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ဘတ်ဂျက်ငွေ ကျပ် ၄၂၂ ဘီလျံသုံးစွဲရန် လျာထား

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ဘတ်ဂျက်ငွေ ကျပ် ၄၂၂ ဘီလျံသုံးစွဲရန် လျာထား

ရန်ကုန်၊ ဒီဇင်ဘာ ၆ ။             ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဘက်ဂျတ်ငွေ ကျပ် ၄၂၂ ဘီလျံ သုံးစွဲရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၆ ရက် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး (၁၉) ရက် မြောက်နေ့တွင် ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏  ရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်ကို လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

"ရငွေသည် ၃၀၂.၅ ဘီလျံ ဖြစ်ပါတယ်။ သုံးငွေသည် ၄၂၂.၁ ဘီလျံဖြစ်ပါတယ်။ အဲ့တော့ လိုငွေလည်း ဆွဲထား ပါတယ်။ ၁၂၁.၆ ဘီလျံ လိုပါတယ်။ အဲ့ဒါက အခွန်ရဲ့ ဝေစုကို မျှော်မှန်းပြီးတော့ ဆွဲထားခြင်းဖြစ်ပါတယ်" ဟု ဦးမြင့်သောင်းက ဆိုသည်။

ခန့်မှန်းရေးဆွဲချက်အရ ရန်ကုန်တိုင်းဒေသကြီး၏ ဘတ်ဂျက်လိုငွေသည် ၁၂၁ ဘီလျံနီးပါးလိုအပ်ချက်ရှိနေသော်လည်း အဆိုပါ လိုငွေကို အခွန်ကောက်ခံရရှိငွေဖြင့် ဖြည့်တင်းသွားနိုင်မည်ဖြစ်ကြောင်း ဦးမြင့်သောင်းက ဆက် လက် ပြောကြားခဲ့သည်။

အဆိုပါ ဘတ်ဂျက်လျာထားချက်ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် လွှတ်တော်၌ ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် စာရင်းပေးသွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းကပြောကြား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required