ဘရာဇီးနိုင်ငံတော်တရားရုံးချုပ်မှ တရားသူကြီးက နိုင်ငံတော်ရဲ့အကြီးတန်းနိုင်ငံရေးသမားတွေထဲမှ တစ်ဦးဖြစ် တဲ့ ရီနန်ကယ်လ်ဟီရော့စ်ကို အထက်လွှတ်တော် ဥက္ကဌအဖြစ်မှ နှုတ်ထွက်ရန် အမိန့်ချမှတ်ခဲ့ပါတယ်။
မစ္စတာကယ်လ်ဟီရော့စ်ဟာ အလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲခံထားရသောကြောင့် တရားစီရင်မှုကိုရင်ဆိုင်ရမှာဖြစ်ပြီး သူ့ရဲ့ရာထူးမှာ ဆက်လက်မရပ်တည်နိုင်တော့ကြောင်း တရားသူကြီးဖြစ်သူ မာကိုအော်ရယ်လီရိုမယ်လို က တရားဝင် အမိန့်စာထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ မစ္စတာကယ်လ်ဟီရော့စ်ဟာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ လာဘ်ယူထားတယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။ သူဟာ လက်ရှိသမ္မဖြစ်သူ Michel Temer နှင့်လည်း ရင်းနှီးတဲ့ မဟာမိတ်တွေ ဖြစ်ကြပါတယ်။
လက်ဝဲယိမ်းပါတီ Rede က ရာဇဝတ်မှုစွဲဆိုချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးသမားတစ်ယောက်ဟာ သမ္မရာထူးကို ဆက်ခံနိုင်တဲ့လမ်းကြောင်းပေါ်မှာ ရှိမနေရဘူးလို့ ရည်ညွှန်းပြောဆိုခဲ့သောကြောင့် တရားသူကြီး မာကိုအော်ရယ်လီရိုက တရားဝင်အမိန့်စာ ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။