အိန္ဒိယနိုင်ငံရေးသမား ဂျေ ဂျာရာလာလီသာ အသက်၆၈အရွယ်၌ကွယ်လွန်

အိန္ဒိယနိုင်ငံရေးသမား ဂျေ ဂျာရာလာလီသာ အသက်၆၈အရွယ်၌ကွယ်လွန်

အိန္ဒိယနိုင်ငံရဲ့ သြဇာတိက္ကမရှိသော နိုင်ငံရေးသမားများထဲမှ တစ်ဦးဖြစ်သူ ဂျေ ဂျာရာလာလီသာ ဟာ အသက် ၆၈ နှစ်အရွယ်တွင်ကွယ်လွန်ခဲ့ပါတယ်။

တမီလ်နာဒူးပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ သူမဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက နှလုံးရောဂါခံစားခဲ့ရပြီး တနင်္လာနေ့ည ဒေသစံတော်ချိန် ၁၁ နာရီခွဲမှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ချန်နိုင်းအပိုလိုဆေးရုံက ပြောကြားခဲ့ပါတယ်။

သူမပြန်လည်ကျန်းမာလာဖို့အတွက် သူမကိုထောက်ခံသူ လူထောင်ပေါင်းများစွာဟာစုရုံးခဲ့ပြီး ၀တ်ပြုဆုတောင်း နေခဲ့ကြတာဖြစ်ပါတယ်။ သူမကိုထောက်ခံသူများ၏ ဆူပူအုံကြွမှုများဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ရဲသား များစွာ ကိုတောင်ပိုင်းပြည်နယ်အတွင်းမှာ တပ်ဖြန့်ချထားရပါတယ်။

ရုပ်ရှင်အကျော်အမော်အဖြစ်ရော တမီလ်နာဒူးပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူမဟာ လွန်ခဲ့တဲ့လများစွာကတည်းက ဆေးကုသမှုခံနေရတာဖြစ်ပါတယ်။

ဂျာရာလာလီသာဟာ လူအမြားအပြား၏ကြည်ညိုကိုးကွယ်ခြင်းကိုခံရပေမယ့်လည်း သူမကိုဝေဖန်သူများက တော့ သူမဟာပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို နှစ်ပေါင်းများစွာကြာအောင် ဖန်တီးခဲ့သူဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly