ဖိလစ်ပိုင် ဒုတိယသမ္မတက ဒူတာတေးအား အတိုက်အခံလုပ်ရာတွင် ဦးဆောင်

ဖိလစ်ပိုင် ဒုတိယသမ္မတက ဒူတာတေးအား အတိုက်အခံလုပ်ရာတွင် ဦးဆောင်

မနီလာ၊ ဒီဇင်ဘာ ၆ ။           ။ ဖိလစ်ပိုင် ဒုတိယသမ္မတ အမျိုးသမီးဖြစ်သူ လီနီရိုဘရီဒိုက သမ္မတ ဒူတာတေး၏ အငြင်းပွားဖွယ်ရာ ဇဝတ်မှုနှိမ်နင်းရေးအရ တရားမဲ့သတ်ဖြတ်မှုများနှင့် အခြားသော ပြဿနာရပ်များအပေါ် အတိုက်အခံလုပ်ရာတွင် ဦးဆောင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်က စိတ်ပိုင်းဖြတ်ကာ ပြောကြားသည်။

ဒူတာတေး၏ အစိုးရအဖွဲ့က နုတ်ထွက်မည် ကြေညာပြီး နောက်တစ်ရက်တွင် ယခုကဲ့သို ကြေညာခြင်းဖြစ်သည်။ သမ္မတ ဒူတာတေး၏ ဥပဒေစိုးမိုးရေး ပြင်းထန်သည့် လုပ်ငန်းစဉ်များအပေါ် အထင်ကရပုဂ္ဂိုလ်တစ်ဦးအနေဖြင့် အတိုက်အခံပြုခြင်းလည်းဖြစ်သည်။

ကက်ဘိနက်အစည်းအဝေးသို့ တက်ရောက်ခွင့်မရှိကြောင်း သမ္မတ၏ ထိပ်တန်းလက်ထောက်တစ်ဦးအား ရိုဘရီဒိုအား လာရောက်ပြောခဲ့ပြီးနောက်တွင် အသက် ၅၁ နှစ် ရိုဘရီဒိုက ကက်ဘိနက်အဖွဲ့က   နုတ်ထွက်လိုက်ခြင်းလည်းဖြစ်သည်။

ဖိလစ်ပိုင်တွင် သမ္မတနှင့် ဒုတိယသမ္မတတို့နှစ်ဦးအား သီးခြားစီရွေးကောက်ကြခြင်းဖြစ်ကာ လက်ရှိနှစ်ဦးမှာလည်း ပြိုင်ဖက်ပါတီများက အရွေးခံရခြင်းဖြစ်သည်။

အာဏာရှင်ဟောင်းမားကို့စ်၏ ရုပ်အလောင်းအား သူရဲကောင်းဂူဗိမာန်၌ မြုပ်နှံခွင့်ပြုရန် သမ္မတ ဒူတာတေးက ဆုံးဖြတ်ချက်ပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦးအား တင်းမာမှုများ စတင်ခဲ့သည်။

အတိုက်အခံအဖြစ် ရပ်တည်ရန်နှင့် ကက်ဘိနက်အဖွဲ့မှ နုတ်ထွက်ရာတွင် မားကို့စ် ရုပ်အလောင်းကို သူရဲကောင်းဗိမာန်၌ သင်္ဂြိုဟ်ခြင်းသည် ပြဿနာတစ်ရပ်အဖြစ် ပါဝင်ကြောင်း ရိုဘရီဒိုက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required