ဘလော့ဂါနေဘုန်းလတ် NLD ကိုယ်စားပြု ရွေးကောက်ပွဲဝင်မည်

ဘလော့ဂါနေဘုန်းလတ် NLD ကိုယ်စားပြု ရွေးကောက်ပွဲဝင်မည်
ဓာတ်ပုံ - နေဘုန်းလတ် Facebook
 

ဘလော့ဂါ ကိုနေဘုန်းလတ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ သင်္ကန်းကျွန်းမြို့နယ်တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံမည်ဟု မဇ္ဈိမကို ပြောသည်။

"ကျွန်တော့်မိဘဘိုးဘွားတွေ လက်ထက်ကတည်းက NLDကိုပဲ ထောက်ခံအားပေးလာတာဆိုတော့ NLDကနေပဲ ဝင်ပြိုင်ဖို့ ဆုံးဖြတ်တာပါ။ ပြည်နယ်တိုင်းလွှတ်တော် အသက်ဝင်မှုအားနည်းတယ်လို့ ကျွန်တော်ယူဆတယ်။ ဒီလွှတ်တော်တွေမှာ အသက်ဝင် အားကောင်းလာရင် ပိုပြီးတော့ ကောင်းတဲ့ ကိစ္စတွေ လုပ်လာနိုင်မှာမို့လို့ ဝင်ပြိုင်ဖို့ ဆုံးဖြတ်တာဖြစ်တယ်" ဟုဆိုသည်။

NLDအပါအဝင် ပြည်သူအများစုလိုလားသည့် ဒီမိုကရေစီ ပြည်ထောင်စုနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲတွင် ဒီမိုကရေစီအင်အားစုများ အနိုင်ရရေးကို ပထမအဆင့် ခြေလှမ်းအနေဖြင့် လှုပ်ရှားရန် အရေးကြီး သလိုပြည်သူများ အနေဖြင့် လည်း နိုင်ငံရေးကို လေ့လာကာ သမိုင်းကြောင်းကိုလေ့လာပြီး အမှန်တကယ် ပြည်သူအတွက် လုပ်ဆောင်ပေးနိုင်သူကိုသာ မဲပေးရွေးချယ်ရန်ပြီး အပြောင်းအလဲသို့သွားရန် လိုအပ်သည်ဟု ၎င်းကပြောသည်။

ယင်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၁၅ရွေးကောက်ပွဲ၌ ကိုနေဘုန်းလတ် အပါအဝင် ၈၈မျိုးဆက်ခေါင်းဆောင် ကိုကိုကြီး နှင့် အဖွဲ့ဝင်အချို့၊ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းတို့ကလည်း ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly