မုံးကိုးဒေသတွင် ပုံမှန်အခြေနေဖြစ်မှ တွေ့ဆုံဆွေးနွေးရေးဖြစ်နိုင်မည်ဟု ဦးခင်ဇော်ဦးပြော

မုံးကိုးဒေသတွင် ပုံမှန်အခြေနေဖြစ်မှ တွေ့ဆုံဆွေးနွေးရေးဖြစ်နိုင်မည်ဟု ဦးခင်ဇော်ဦးပြော

ရန်ကုန်၊ နိုဝင်ဘာ ၅ ။               ။ မုံးကိုးဒေသသွင် ပုံမှန်အခြေအနေတစ်ရပ် ရရှိပြီးမှသာ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်မည်ဟု ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက မဇ္စျိမမှ ဆက်သွယ်မေးမြန်းစဉ် ဖြေကြားသည်။

“ တိုက်ပွဲမဖြစ်ခင်က အရင်အခြေအနေ အတိုင်းပေါ့ဗျာ ”  ဟု ပုံမှန်ဖြစ်သည့် အခြေအနေကို ဆိုလိုကြောင်း ၄င်းက ပြောဆိုသည်။

ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် တရုတ်ပြည်သို့ ဒီဇင်ဘာ ၁ ရက်နေ့က သွားရောက်ခဲ့ပြီး  နယ်စပ်တွင် တိုက်ပွဲ ဖြစ်ပွားနေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တွေ့ဆုံရန်ကြိုးစားခဲ့ပြီး အဆိုပါ ခရီးစဉ်မှာ မိုင်းလားနှင့် ၀တို့အကြား တင်းမာနေသည့် စစ်ရှိန်လျှော့ချရန် သွားရောက်ခြင်းဖြစ်သည်။ သို့သာ်လည်း အခြားအဖွဲ့အစည်းများ ပါဝင်လာသော အခင်းအကျင်းပုံစံအသစ်ကြောင့်    မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် မတွေ့ဆုံဖြစ်ခဲ့ခြင်း ဖြစ်သည် ဟု ဒီဇင်ဘာ ၃ ရက် NRPC တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ဇော်ဦးက ပြောထားသည်။

ငြိမ်းချမ်းရေးကော်မရှင်မှ  ဒီဇင်ဘာ ၃ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ တပ်မတော် စစ်စခန်းကို ထိုးစစ်ဆင်သည်များကို ရပ်တန့်ရန်ပြောထားပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်ကလည်း တပ်မတော်မှ ထိုးစစ်များရပ်ကာ တိုင်းရင်းသားနယ်မြေများမှ စွန့်ခွာပေးရန် ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်တောင်းဆိုထားသည်။

အဲဒီအပေါ် “၎င်းတို့ ထုတ်သောကြေညာချက်မှာ မဖြစ်နိုင်သော ကိစ္စများသာ ဖြစ်ပါသည်” ဟု ဦးခင်ဇော်ဦးက တုံ့ပြန်ပြောကြားသည်။ “ အခု ၎င်းတို့ အပစ်ရပ်ခြင်း မရှိသေးပါ ”  ဟုလည်း လက်ရှိအခြေအနေကို ပြောသည်။

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့ရှိ မုံးကိုးတပ်စခန်းအား KIA၊ TNLA၊ MNDAA၊ AA အဖွဲ့များမှ နိုဝင်ဘာ ၂၀ ရက်မှစ၍ ယနေ့အထိ ၁၄ ရက်အကြာ အင်းအားသုံး ၀ိုင်းပတ်တိုက်ခိုက်လျက်ရှိပြီး ဒီဇင်ဘာ ၄ရက်တွင် တပ်မတော်အနေဖြင့် မုံးကိုးမြို့အား ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required