မြန်မာမွတ်စလင်အဖွဲ့အစည်းမှ မလေးရှားအာဏာရပါတီ UMNO ၏ လူထုစည်းဝေးပွဲကြီးအား သဘောမတူကြောင်း ကြေညာချက်ထုတ်ပြန်

မြန်မာမွတ်စလင်အဖွဲ့အစည်းမှ မလေးရှားအာဏာရပါတီ UMNO ၏ လူထုစည်းဝေးပွဲကြီးအား သဘောမတူကြောင်း ကြေညာချက်ထုတ်ပြန်

မြန်မာမွတ်စလင်အဖွဲ့အစည်းမှ မြန်မာနိုင်ငံပြည်တွင်းရေး ကိစ္စများနှင့် ပတ်သက်၍ ၂၀၁၆ ဒီဇင်ဘာ ၄ရက်နေ့တွင် မလေးရှားအာဏာရပါတီ UMNO မှ စီစဉ်ပြုလုပ်သည့် လူထုစည်းဝေးပွဲကြီးအား သဘောမတူ မနှစ်သက်ကြောင်း ပြောဆိုဖော်ပြလိုပါတယ် ဟု ကြေညာချက်တစ်စောင်ကို ယနေ့  မြန်မာမွတ်စလင် မဟာမိတ်အရပ်ဖက်အဖွဲ့အစည်း (Coalition of Myamar Muslim Civil Society Groups)  မှ ထုတ်ပြန်ထားသည်။

“ မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်ကိုယ်တိုင်ဦးဆောင်ခဲ့တဲ့ ဒီလူထုစည်းဝေးပွဲကြီးဟာ မလေးရှားအာဏာရပါတီရဲ့နိုင်ငံရေးအကျိုးစီးပွားအတွက်ကိုရည်ရွယ်ခြင်းသာလျှင် ဖြစ်ကြောင်း ကျွန်တော်တို့ ထင်မြင်ချက်ပေးလိုပါတယ်။ မြန်မာနိုင်ငံမှ ကံမကောင်းအကြောင်းမလှသဖြင့်ရင်ဆိုင် နေရသောအခြေအနေတွေအပေါ် ကိုယ်ကျိုးကြည့်ပြီး နိုင်ငံရေးအမြတ်ထုတ်ခြင်းမှာ မဖြစ်သင့်ကြောင်း ကျွန်တော်တို့ အခိုင်အမာပြောဆိုချင်ပါတယ်။ နောက်ပြီး ဒီအခြေအနေတွေအပေါ် ဘာသာရေးကိစ္စနှင့်ဆက်စပ် ပြောဆိုလိုက်သည့် မစ္စတာနာဂျစ်ကိုလည်း သဘောမကျမနှစ်သက်ပါဘူး။ ကျွန်တော်တို့ မြန်မာ မွတ်စလင်အဖွဲ့က ဤအခြေအနေတွေအားဘာသာရေးနှိပ်ကွပ်ခြင်းအဖြစ် သဘောမထားဘဲ အငြင်းပွား ဖွယ်ရာလူမျိုးရေးပြသနာအဖြစ်သာ သဘောထားကြောင်း အခိုင်အမာထပ်မံပြောဆိုချင်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ဒီကိစ္စဟာ အလွန်အကဲဆတ်ပြီးသတိထားကိုင်တွယ်ရမည့်ကိစ္စတစ်ရပ်ဖြစ်ကာ ရေရှည်ခံမည့်ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ နိုင်ငံတကာရဲ့ညှိုနှိုင်းဆောင်ရွက်မှုတွေနဲ့ မတူကွဲပြားတဲ့ချဉ်းကပ်နည်းအမျိုးမျိုးတို့ လိုအပ်ပါတယ်။ ဤကိစ္စတွေအဆုံးသတ်ရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအနေနဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်ကိုယ်တိုင်ပါ၀င်သော ရခိုင်ပြည်နယ်အရေးကိစ္စအကြံပေးကော်မရှင်အဖွဲ့ တည်ထောင်ခဲ့ခြင်းအပါအဝင် များစွာသောအားထုတ်ဆောင်ရွက်ချက်များကို ကြိုးပမ်းလုပ်ဆောင်ပြီးခဲ့ပြီ ဖြစ်ပါတယ်”

“ ရှုပ်ထွေးလှသည့်အခြေအနေများကြောင့် ယခုပြသနာများအားဖြေရှင်းနေသည့်တိုးတက်မှုအခြေ အနေဟာ ယခုကိစ္စထဲမှာ ပါ၀င်ပတ်သက်နေကြသည့်သူများအားလုံးအတွက် စိတ်ကျေနပ်လောက်သည့် အတိုင်းအတာတစ်ခုအထိတော့ ဖြစ်မလာနိုင်သေးပါဘူး။ အဲ့ဒီ့လိုအချိန်မှာ လုံလောက်သည့် အချက်အလက်မရှိ ဘဲ စတင်လိုက်သည့် မလေးရှားရှိလူထုစည်းဝေးပွဲကြီးလိုမျိုးကြောင့် ခက်ခဲလှသည့်အခြေအနေများအား ပိုမိုဆိုးရွာသွားစေနိုင်လောက်သည့်အတွက် ကျွန်တော်တို့မှာ ရတက်မအေးဖြစ်ရပါတယ်”  ဟု ဖော်ပြရင်း “ ကျွန်တော်တို့မြန်မာ လူ့အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ တိုင်းရင်းသားလူမျိုးများနှင့် ဘာသာရေးယုံကြည်ချက်အပေါ် ဘယ်လိုဖိနှိပ်၊ ခွဲခြားဆက်ဆံမှုမျိုးကိုဖြစ်ပါစေ ဘယ်သောအခါမှ လက်သင့်ခံမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ အပြုသဘောဆောင်သည့်ရလဒ်များကို ထွက်ပေါ်လာနိုင်သော နိုင်ငံတော်၏အချုပ်အခြာအာဏာအား လေးစားသော ဘယ်လိုထောက်ပံ့ကူညီမှုမျိုးကိုမဆို လက်ကမ်းကြိုဆိုသွားမှာဖြစ်ပါတယ်” ဟု ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly