"ပုသိမ်ကြီးမြို့နယ်ရှိ အထက်တန်းကျောင်းများတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲများ ပြုလုပ်လျှက်ရှိ"

"ပုသိမ်ကြီးမြို့နယ်ရှိ အထက်တန်းကျောင်းများတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲများ ပြုလုပ်လျှက်ရှိ"

မန္တလေး၊ဒီဇင်ဘာ ၅ ။                  ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျောက်မီး)တွင် ဒီဇင်ဘာလ ၅ ရက်၊ နံနက် ၉ နာရီက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်းတို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း(မန္တလေး) အတွင်းရေးမှူး ဦးမြင့်သန်းက ဆိုသည်။

စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း(မန္တလေး) အတွင်းရေးမှူး ဦးမြင့်သန်းက"အဓိက ကတော့ လူငယ်တွေ၊ ကျောင်းသူကျောင်းသားတွေပေါ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး မစမ်းသပ်ဖို့ပဲ။ ဒီလိုမစမ်းသပ်ဖို့က မူးယစ်ဆေးဝါးအကြောင်းကို သိဖို့လိုတယ်။ ဘယ်လိုဆိုးကျိုးတွေ ခံစားရမယ်ဆိုတာတွေကိုပေါ့။ သိမှ ရှောင်လို့၊ ဆင်ခြင်လို့ရမယ်။ ဒါကြောင့် မူးယစ်အသိပညာပေးဟောပြောပွဲတွေကို အခုလို စာသင်ကျောင်းတွေမှာ လုပ်ပေးနေတာပါ "ဟု မဇ္ဈိမကို ပြောသည်။

မူးယစ်ဆေးဝါးအသိပညာပေးဟောပြောမှုများကို စာသင်ကျောင်းများအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုအပ်နေပြီး အသိပညာပေးပြခန်းများလည်း ထားရှိရန် လိုအပ်လျှက်ရှိသည်ဟု ဦးမြင့်သန်းကဆိုသည်။

"ဟောပြောပွဲတွေအပြင် အတန်းထဲတွေမှာလဲ မကြာခဏ ဒီမူးယစ်နဲ့ ပတ်သက်တဲ့ ပုံပြင်တွေ၊ ရုပ်ပုံကားချပ်တွေနဲ့ ပညာပေးမှုတွေ လုပ်သင့်ပါတယ်။ နောက်တစ်ချက်က ဖြစ်နိုင်ရင် မူးယစ်ပြခန်းတွေလည်း လုပ်ထားသင့်တယ် "ဟု ဦးမြင့်သန်းက ပြောသည်။

မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲသို့ ကျောင်းသူကျောင်းသား ၄၆၄ ဦး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းမှ အလုပ်အမှုဆာင် ဦးသန့်ဇင်ဦးနှင့် အတွင်းရေးမှူး ဦးမြင့်သန်းတို့က မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly