မြန်မာ-ထိုင်းပွဲအတွင်း ဖမ်းဆီးအရေးယူမှု ၄၀ ခန့်ရှိခဲ့

မြန်မာ-ထိုင်းပွဲအတွင်း ဖမ်းဆီးအရေးယူမှု ၄၀ ခန့်ရှိခဲ့
သုဝဏ္ဏကွင်းအတွင်း တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-ရဲရင့်ဌေး)

ဒီဇင်ဘာ ၅၊ ရန်ကုန်။             ။ ဒီဇင်ဘာ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သော မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ဆူဇူကီးဖလားဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အတွင်း ပရိသတ်အချို့၏ အလွန်အကျုးအားပေးမှု ကြောင့် ဖမ်းဆီးအရေးယူမှု ၄၀ ခန့်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြုလုပ်ခဲ့ရသည်။

မြန်မာအသင်းနှင့်ထိုင်းအသင်းတို့ကစားခဲ့သည့် ပွဲစဉ်ကို မြန်မာပရိသတ်များ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး သုဝဏ္ဏကွင်းမှာ လူဦးရေ ၃၂၀၀၀ သာ ဝင်ဆန့်သော်လည်း ကွင်းပတ်ဝန်းကျင်သို့ ပရိသတ် ငါးသောင်းဝန်းကျင်ခန့် စုရုံးရောက်ရှိခဲ့ကြသည်။ ကွင်းပြင်ပတွင် လက်မှတ်မရရှိသည့် ပရိသတ်အချို့ ကွင်းအတွင်းဝင်ရောက်ရန် ကြိုးစားမှုကြောင့် ဖမ်းဆီးမှုများရှိခဲ့သလို ကွင်းအတွင်း အရာဝတ္ထု ပစ္စည်းများဖြင့် ပစ်ပေါက်မှုများကြောင့်လည်း ပရိသတ်အချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖမ်းဆီးမှုက ၄၀ လောက်ရှိတယ်လို့တော့ သိရတယ်။ အသေးစိတ်ကိုတော့ ရဲတပ်ဖွဲ့ကထုတ်ပြန်မှာပါ။ အရေးယူဖို့လည်း ဆက်လက်ဆောင်ရွက်နေပါတယ် ဟု မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်လုံခြံုရေး တာဝန်ခံ ဦးအေးချိုက ပြောသည်။

မြန်မာနှင့်ထိုင်းပွဲစဉ်ကိုပရိသတ် ၃၃၁၂၂ ဦးကွင်းအတွင်းဝင်ရောက်ကြည့်ရှုခဲ့ပြီး သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းရှေ့တွင် ပြသခဲ့သော LED ဘုတ် နှင့် မဟာဗန္ဓုလပန်းခြံအတွင်း ပြသခဲ့သော LED ဘုတ်များတွင်လည်း ပရိသတ်အများအပြား စုရုံးအားပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly