ပြည်တွင်းရေးကို ၀င်မစွက်ဖက်ရန် သူရဦးရွှေမန်းပြော

ပြည်တွင်းရေးကို ၀င်မစွက်ဖက်ရန် သူရဦးရွှေမန်းပြော
ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန်၊ ဒီဇင်ဘာ ၅ ။             ။ ရခိုင်အရေးနှင့်ပက်သက်ပြီး ပြည်တွင်းရေးကို ၀င်မစွက်ဖက်ရန်၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင် ဆိုင်မှုကိုမထိပါးရန် သူရဦးရွှေမန်းက ဒီဇင်ဘာ ၅ ရက် ၄င်း၏ လူမှုကွန်ယက် စာမျက်နှာပေါ်မှ ပြောကြားလိုက်သည်။

အင်အားကြီးသူများက ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံအပေါ် အသားစီးအနိုင်ယူလိုမှုကို လက်ခံမည် မဟုတ်ကြောင်း လည်း ၄င်း၏ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရေးသားထားသည်။

"တို့ပြည်တွင်းရေးကို ၀င်မစွက်နဲ့ ၊ တို့အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်မှုကို လာမထိပါးလာနဲ့" ဟု ရေးသားထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ကိစ္စများကို ပြည်သူမှ ရွေးချယ်တာဝန်ပေးထားသည့် အစိုးရအနေဖြင့် တရားဥ ပဒေ နှင့် အညီစနစ်တကျ ကိုင်တွယ်ဖြေရှင်းနေကြာင်း ၄င်းကပြောဆိုသည်။

“ မည်သူမဆို နိုင်ငံအတွင်းမှာနေလျှင် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေများကို လိုက်နာကြရမယ် "ဟု သူရဦးရွှေမန်း ကပြောသည်။

မလေးရှားဝန်ကြီး နာဂျစ်ရာဇတ်သည် ဒီဇင်ဘာ၄ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် လူထုအစည်းအဝေးတွင် “  မြန်မာအစိုးရသည် နိုင်ငံ၏ အနောက်ဘက်ဒေသရှိ ရိုဟင်ဂျာတွေအပေါ် သွေးထွက်သံယိုဖြစ်အောင် နှိမ်နှင်းမှုတွေကို ရပ်တန့်ရမည် ဖြစ်ကြောင်း၊ ထောင်နှင့်ချီသည့် ရိုဟင်ဂျာတွေသည် နိုင်ငံ၏အနောက် ဘက်ဒေသမှ ထွက်ပြေးတိမ်းရှောင်နေရပြီး သတ်ဖြတ်ခံရမှု၊ နှိပ်စက်ခံရမှု၊ မုဒိန်းကျင့်ခံရမှု စသည့် ဖြစ်စဉ်တွေကိုလည်း ကြားနေရကြောင်း “ ပြောဆိုခဲ့သည်ဟု ဘန်ကောက်ပိုစ့်သတင်းစာတွင် ရေးသားဖော်ပြထားသည်။

ထို့အပြင်​ မွတ်​ဆလင်​လူမျိုးများအ​နေဖြင်​့ စည်​းလုံးရန်​လိုအပ်​​ကြောင်​း ​ပြောကြားခဲ့သည်​ဟု CNN သတင်​းဌာနတွင်​လည်​း ​ဖော်​ပြထားသည်​။

မလေးရှားဝန်ကြီး နာဂျစ်ရာဇတ်ပြောဆိုခဲ့ပြီး နောက်နေ့ (ဒီဇင်ဘာ ၅) တွင် သူရဦးရွှေမန်းက ရခိုင်အရေးနှင့် ပက် သက်ပြီး ပြည်တွင်းရေးကို ၀င်အစွက်ဖက်ရန် သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာတို့သည် အပြန်အလှန်အကျိုးသက်ရောက်မှုများရှိနေကြောင်း ကိုယ် စီတာဝန်ကျေရန်လိုအပ်ကြောင်းလည်း ဒီဇင်ဘာ ၂ရက်နေ့က သူရဦးရွှေမန်း၏ လူမှုကွန်ယက်ပေါ်တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဖိအားပေးသည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်ကို မျိုးချစ်သံဃာတော်များနှင့် ပြည်သူများက ဆန္ဒပြပွဲတစ်ခုကို ဒီဇင်ဘာ ၄ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့သည်။

ထို့ပြင် ဒီဇင်ဘာ ၃ ရက်ကလည်း မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံး ရှေ့တွင် မလေးရှားဝန်ကြီးချုပ်ကို ကန့်ကွက်ကြောင်း တစ်ကိုယ်တော် ဆန္ဒဖော်ထုတ် ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly