ရီးယဲလ်နှင့်အတူ ရရှိထားတဲ့ မော်ရင်ဟိုရဲ့ စံချိန်မှတ်တမ်း ဇီဒန်း လိုက်မီ

ရီးယဲလ်နှင့်အတူ ရရှိထားတဲ့ မော်ရင်ဟိုရဲ့ စံချိန်မှတ်တမ်း ဇီဒန်း လိုက်မီ
(ဓာတ်ပုံ - အီးပီအေ)

စနေနေ့က ရီးယဲလ်မက်ဒရစ်က ဘာစီလိုနာကို သရေကစားခဲ့ပြီးနောက် နည်းပြ ဇီဒန်းက ရီးယဲလ်မှာ မော်ရင်ဟို တင်ရှိထားတဲ့ စံချိန်မှတ်တမ်းတစ်ခုကို လက်မီခဲ့တယ်လို့ သိရပါတယ်။

နူးကမ်မှာ ကစားတဲ့ ဒီရာသီ ပထမဆုံး El Clasico ပြိုင်ပွဲမှာ ရာမို့စ်ရဲ့ နောက်ကျဂိုးကြောင့် ဘာစီလိုနာတို့ ရီးယဲလ်ကို (၁-၁) ဂိုးနဲ့ သရေကျခဲ့ပြီး ဇီဒန်းအတွက် အဝေးကွင်း (၁၇)ပွဲ ရှုံးပွဲမရှိ စံချိန်ရရှိခဲ့တာကြောင့် မော်ရင်ဟိုရဲ့ စံချိန်မှတ်တမ်းနဲ့ တူညီသွားတာဖြစ်ပါတယ်။

ယခုနှစ် ဇန်နဝါရီလက ရာဖေးလ် ဘင်နီတက်ဇ်နေရာ အစားထိုး ဝင်ရောက်လာတဲ့ နည်းပြ ဇီဒန်းဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ရီးယဲလ်အသင်းကို ချန်ပီယံလိဂ်ဖလား ဆွတ်ခူးအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဖေဖော်ဝါရီလက အက်သလက်တီကို အိမ်ကွင်းမှာ လာလီဂါ နောက်ဆုံး ရှုံးပွဲတစ်ပွဲတည်းသာ တွေ့ခဲ့တာဖြစ်ပါတယ်။

ရီးယဲလ်ဟာ လာမယ့် လာလီဂါပွဲစဉ် ဆီဗီလာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဇီဒန်းအနေနဲ့ မော်ရင်ဟိုရဲ့ စံချိန်ကို ချိုးဖျက်ဖို့အတွက် အခွင့်အကောင်းတွေ ရှိနေပါတယ်။

ရီးယဲလ်ဟာ လာလီဂါမှာ ဘာစီလိုနာကို ၆ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။

Ref; Metro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required