မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ပွဲပြီးနောက် နည်းပြများရဲ့ ပြောစကားများ

မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ပွဲပြီးနောက် နည်းပြများရဲ့ ပြောစကားများ
ဓာတ်ပုံ-သူရ

ကိုင်တီဆက် (ထိုင်းနည်းပြ)

မြန်မာအသင်းက ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ လူငယ်တွေများပြီး လျှင်လျှင်မြန်မြန်နဲ့ သေချာကစားခဲ့တာပါ။ ဒီပွဲမှာ အားပေးခဲ့တဲ့ မြန်မာပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

ဒီပွဲမှာ အခွင့်အရေးတွေအများကြီးရခဲ့တယ်။ ပရိသတ်ကြောင့် ဖိအားအနည်းငယ်ရှိခဲ့ပေမယ့် အခွင့်အရေးတွေအများကြီးရခဲ့ ပါတယ်။ အိမ်ကွင်းမှာပြန်ကစားရတဲ့အခါ ဒီထက်ပိုကောင်းအောင် ကစားနိုင်မှာပါ။

နှစ်ဂိုးရခဲ့တဲ့တီယာဆေးလည်း ဒုတိယ အကျော့မှာ ထပ်ပြီး ဂိုးရနိုင်ချေရှိပါသေးတယ်။

ဘုရင်သစ်အတွက် ဖလားနဲ့လက်ဆောင်ပေးချင်ပါတယ်။

ဂတ်ဇီဆီ (မြန်မာ)

အခွင့်အရေးတွေအသုံးအချနိုင်ခဲ့ရင် ရလဒ်ကကွာသွားမှာပဲ။ ထိုင်းအသင်းက သွေးအေးအေးနဲ့ အခွင့်အရေးတွေအသုံးချသွား ခဲ့တယ်။ မှားခဲ့တဲ့အမှားအယွင်းတွေက ပြစ်ဒဏ်ခံလိုက်ရသလိုပဲ။ ဘာပဲဖြစ်ဖြစ်နောက်တစ်ပွဲရှိသေးလို့ အခွင့်အရေးရှိသေးတဲ့ အတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။

ပေးလိုက်ရတဲ့ ဂိုးတွေကတော့ ပထမဂိုးရော ဒုတိယဂိုးပါ ကွင်းလယ်ပိုင်းက နေရာယူပုံလိုအပ်ချက်ရှိခဲ့လို့ပါ။ ကောင်းဆက်နိုင် ကို ဆက်တိုက်သုံးနေတာက သူ့နေရာမှာ သူအကောင်းဆုံးဖြစ်နေလို့ပါ။

ဒုတိယအကျော့မှာ ဒိုင်က ပွဲသိမ်းခရာမမှုတ်ခင်အထိ အခွင့်အရေးရှိနေပါသေးတယ်။ ဗိုလ်လုပွဲတက်ဖို့အတွက် အာမမခံနိုင် ပေမယ့် ကျေနပ်စေရမယ့် ကစားပုံဖြစ်စေရမယ်လို့ အာမခံပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required