မြန်မာပြည်တွင်းရေးအား ဖိအားပေးသော မလေးရှားဝန်ကြီးချုပ်ကို မျိုးချစ်သံဃာတော်များနှင့် ပြည်သူများ ဆန္ဒပြ

မြန်မာပြည်တွင်းရေးအား ဖိအားပေးသော မလေးရှားဝန်ကြီးချုပ်ကို မျိုးချစ်သံဃာတော်များနှင့် ပြည်သူများ ဆန္ဒပြ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဒီဇင်ဘာ ၄ ။                ။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဖိအားပေးသည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်ကို မျိုးချစ်သံဃာတော်များနှင့် ပြည်သူများက ဆန္ဒပြပွဲတစ်ခုကို ယနေ့ (ဒီဇင်ဘာ ၄ရက်) တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ မွန်းလွဲ ၂ နာရီခန့်က ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ရိုဟင်ဂျာတွေကို နှိမ်နင်းနေသည့်အတွက် မြန်မာအစိုးရကို ဖိအားပေးဖို့ မလေးရှားဝန်ကြီးချုပ်က စီစဉ်နေသည့်အတွက် တုန့်ပြန်ဆန္ဒပြခြင်းဖြစ်ကြောင်း ဆန္ဒပြသူတွေက ဆိုသည်။

ဆန္ဒပြပွဲတွင် "အကြမ်းဖက်အားပေးတဲ့ မလေးရှားဝန်ကြီးချုပ် သမိုင်းမှန်ကို လေ့လာပါ၊ ကမ္ဘာကို အလိမ်ညာဝါဒ ဖြန့်နေသူတွေ ကျရှုံးပါစေ" စသည့် ကြွေးကြော်သံများ ရွတ်ဆိုခဲ့ပြီး မျိုးချစ်သံဃာတော်များနှင့် ပြည်သူများ ၁၀၀ နီးပါးခန့် ပူးပေါင်း ပါဝင်ခဲ့သည်။

မလေးရှားဝန်ကြီး နာဂျစ်ရာဇတ်သည် ယနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် လူထုအစည်းအဝေးတွင် မြန်မာအစိုးရသည် နိုင်ငံ၏ အနောက်ဘက်ဒေသရှိ ရိုဟင်ဂျာတွေအပေါ် သွေးထွက်သံယို ဖြစ်အောင် နှိမ်နှင်းမှုတွေကိုရပ်တန့်ရမည် ဖြစ်ကြောင်း၊ ထောင်နှင့်ချီသည့် ရိုဟင်ဂျာတွေသည် နိုင်ငံ၏အနောက်ဘက်ဒေသမှ ထွက်ပြေးတိမ်းရှောင်နေရပြီး သတ်ဖြတ်ခံရမှု၊ နှိပ်စက်ခံရမှု၊ မုဒိန်းကျင့်ခံရမှု စသည့် ဖြစ်စဉ်တွေကိုလည်း ကြားနေရကြောင်းပြောဆိုခဲ့သည်ဟု ဘန်ကောက်ပိုစ့်သတင်းစာတွင် ရေးသားဖော်ပြထားသည်။

ယင်​းအပြင်​ မွတ်​ဆလင်​လူမျိုးများအ​နေဖြင်​့ စည်​းလုံးရန်​လိုအပ်​​ကြောင်​း ​ပြောကြားခဲ့သည်​ဟု CNN သတင်​းဌာနတွင်​လည်​း ​ဖော်​ပြထားသည်​။

မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက ဒီဇင်ဘာ ၃ရက်ကလည်း မြန်မာနိုင်ငံဆိုင်ရာမလေးရှားသံရုံးရှေ့တွင် မလေးရှားဝန်ကြီးချုပ်ကို ကန့်ကွက်ကြောင်း တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required