မွန်ပြည်နယ်ဝန်ကြီးချုပ်ကို တိုင်တန်းသူများအား စစ်ဆေးပြီးသော်လည်း ဝန်ကြီးချုပ်ကိုစစ်ဆေးရန် ညှိနှိုင်းနေ

မွန်ပြည်နယ်ဝန်ကြီးချုပ်ကို တိုင်တန်းသူများအား စစ်ဆေးပြီးသော်လည်း ဝန်ကြီးချုပ်ကိုစစ်ဆေးရန် ညှိနှိုင်းနေ

ရန်ကုန်၊ ဒီဇင်ဘာ ၄ ။                 ။ မွန်ပြည်နယ် ဝန်ကြီးချုပ်ကို တိုင်တန်းသူများအား ယမန်နေ့(ဒီဇင်ဘာ ၃ ရက်) က စစ်ဆေးပြီး ဖြစ်သော်​လည်​း ဝန်ကြီးချုပ်ကို စစ်ဆေးရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း   လေ့လာသုံးသပ်ရေး အဖွဲ့ခေါင်းဆောင်ဖြစ်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက မဇ္စျိမသို့ ပြောသည်။

"ဝန်ကြီးချုပ်ကို မစစ်သေးဘူး။ ဝန်ကြီးချုပ်ကို တိုင်တဲ့သူတွေကို မနေ့က စစ်ပါတယ်" ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

သို့သော်​ စစ်ဆေးချက်ရလာဒ်များနှင့် ပတ်သက်ပြီး မပြီးဆုံးသေးသောကြောင့် တစ်စုံတရာ မှတ်ချက်မပေးလိုကြောင်း၊ အဓိကကျသည့် ဝန်ကြီးချုပ်ကို စစ်ဆေးမေးမြန်းရန် ရက်အတိအကျကို မသတ်မှတ်သေးဘဲ ညှိနှိုင်းဆဲသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီဒေသကြီးအတွင်းမှ တိုင်စာများရောက်ရှိလာသည့်အတွက် အဆိုပါတိုင်စာများ မှန်မမှန် စစ်ဆေးရန် လေ့လာသုံးသပ်ရေးအဖွဲ့ကို နိုဝင်ဘာ ၂၈ ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့တွင် လေ့လာသုံးသပ်ရေးအဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်း၊ အဖွဲ့ဝင်အဖြစ် ဒါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required