ရိုဟင်ဂျာတွေအား မျိုးတုန်းသတ်ဖြတ်ခြင်းအား ဒေါ်အောင်ဆန်းစုကြည် ရပ်တန့်ပစ်ရမည် ဟု မလေးရှားဝန်ကြီး ပြော

ရိုဟင်ဂျာတွေအား မျိုးတုန်းသတ်ဖြတ်ခြင်းအား ဒေါ်အောင်ဆန်းစုကြည် ရပ်တန့်ပစ်ရမည် ဟု မလေးရှားဝန်ကြီး ပြော

မြန်မာနိုင်ငံအတွင်းရှိ မွတ်စလမ် ရိုဟင်ဂျာများအား မျိုးတုန်းသတ်ဖြတ်ခြင်းမှ ကာကွယ်ရန် ဒေါ်အောင်ဆန်းစုကြည်မှ ကြားဝင်ဖြန်ဖြေပေးရမည်ဟု မလေးရှားဝန်ကြီးချုပ်က ယနေ့တနင်္ဂနွေနေ့မှာ နိုဘယ်ဆု ပိုင်ရှင်ဖြစ်သူ သူမ၏ အရေးယူရန်ပျက်ကွက်မှုအပေါ် လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။

ကွာလာလမ်ပူမြို့၌ လူပေါင်း၅၀၀၀ခန့်ရှိသော လူထုစည်းဝေးပွဲ၌ မိန့်ခွန်းပြောကြားစဉ်မှာ မလေးရှားဝန်ကြီး နာဂျစ်ရာဇတ်က မြန်မာအစိုးရဟာ နိုင်ငံရဲ့အနောက်ဘက်ဒေသရှိ ရိုဟင်ဂျာတွေအပေါ်မှာ   သွေးထွက်သံယို ဖြစ်အောင် နှိမ်နှင်းမှုတွေကိုရပ်တန့်ရမည်ဖြစ်ကြောင်း၊ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ နိုင်ငံရဲ့အနောက်ဘက် ဒေသမှ ထွက်ပြေးတိမ်းရှောင်နေရပြီး သတ်ဖြတ်ခံရမှု၊ နှိပ်စက်ခံရမှု၊ မုဒိန်းကျင့်ခံရမှု စတဲ့ ဖြစ်စဉ်တွေကိုလည်း ကြားနေရကြောင်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆု ရရှိမှုဟာ ဘယ်မှာအသုံးဝင်လို့လဲ ဟု ရုန့်ရင်းကြမ်းတမ်းစွာအော်ဟစ်နေ တဲ့လူအုပ်ကြီးကို သူက မေးခွန်းထုတ်ခဲ့ပါတယ်။

ကျုပ်တို့ဟာ လုံးဝကို ဆက်ပြီးသည်းမခံနိုင်တော့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကိုပြောချင်ပါတယ်၊ ကျုပ်တို့ဟာ မူစလမ်နဲ့ အစ္စလာမ် တွေကို ကာကွယ်ရမယ်၊ ကာကွယ်မှာလည်းဖြစ်တယ်လို့ ဘုရားသခင်က ကြီးမြတ်ပါတယ်လို့ အော်ဟစ်နေတဲ့ ထောက်ခံအားပေးသူတွေကို သူ့ကအားပေး ပြောကြားခဲ့ပါတယ်။

ကျုပ်တို့ဟာ OIC ရဲ့ ဆောင်ရွက်ချက်ကို အလိုရှိပါတယ်၊ ကျေးဇူးပြုပြီး တစ်ခုခုလုပ်ကြပါ၊ UNကလည်း တစ်ခုခုလုပ်ပေးကြပါ၊ ကမ္ဘာကြီးက လူမျိုးတုန်းသတ်ဖြတ်မှုအပေါ်ကို ထိုင်ပြီးကြည့်မနေနိုင်ပါဘူးလို့ နာဂျစ်က ပြောခဲ့ပါတယ်။

မကြာသေးခင်ကာလက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သွေးထွက်သံယိုနှိမ်နှင်းမှုတွေကြောင့် ရိုဟင်ဂျာပေါင်း ၁၀၀၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်လာရတယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကမ္ဘာ့ကုလသမဂ္ဂ က ပြောခဲ့ပါတယ်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly