လိင်တူချစ်သူများ အခွင့်အရေးအတွက် လေဒီဂါဂါ က ထောက်ခံအားပေးမည်

လိင်တူချစ်သူများ အခွင့်အရေးအတွက် လေဒီဂါဂါ က ထောက်ခံအားပေးမည်

နာမည်ကျော် ပေါ့ပ်အဆိုတော် လေဒီဂါဂါဟာ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတလက်ထက််အတွင်းမှာ သင့်မြတ်ပြီး ပညာသားပါသော တုံ့ပြန်မှုများပြုလုပ်ရန် တောင်းဆိုလိုက်ပါတယ်။

မစ္စတာထရမ့်ရဲ့ အစိုးရအဖွဲ့အစည်းမှာ လိင်တူချစ်သူများအခွင့်အရေးကိုဆန့်ကျင်သော ရှေးရိုးစွဲသူများပါ၀င်ပြီး LGBT လူစုအတွက် ရှေ့ပြေးအနေနဲ့ ကာကွယ်မှုတွေလုပ်ဆောင်သွားမယ်လို့   လေဒီဂါဂါက ပြောခဲ့ပါတယ်။

ကျမတို့ဟာ လွန်ခဲ့တဲ့ရှစ်နှစ်တာကာလအတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ လူမှုရေးတိုးတက်မှုတွေကို ကာကွယ်သွားဖို့ ဘာမဆိုလုပ်မှာဖြစ်ကြောင်းကို လေဒီဂါဂါက ဘီဘီစီသတင်းဌာနအားပြောခဲ့တယ်။

လူမှုရေးတိုးတက်မှုတွေမရှိခဲ့ဘူးဆို နိုင်ငံရေးတိုးတက်မှုဟာ ဖြစ်ပေါ်လာမှာမဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

“ရှင်တို့ဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ဖန်တီးနိုင်ပါမယ်၊ ပေါ်လစီအသစ်တွေကိုလည်းရေးဆွဲ နိုင်ပါလိမ့်မယ်၊ ဒါပေမယ့် အဲ့ဒီအရာတွေဟာ လူသားတွေတစ်ဦးနဲ့တစ်ဦး ကြင်နာမှု၊ ချစ်ခင်လေးစားမှု မရှိဘူး  ဆိုရင် အလုပ်ဖြစ်မှာမဟုတ်ပါဘူး” လို့သူမကပြောခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ “ကျမတို့ဟာ ဒီအချိန်မှာ ကြင်နာသနားတတ်တဲ့ နေရာဒေသမှာနေထိုင်ဖို့လိုအပ်ပြီး တစ်ဦးနဲ့တစ်ဦးခိုင်မြဲစွာ သံယောဇဉ်ထားဖို့လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags