အယ်ကလာဆီကိုပွဲတွင် သရေကျခဲ့ခြင်းက အနိုင်ရသကဲ့သို့ခံစားရဟု မိုဒရစ်ပြော

အယ်ကလာဆီကိုပွဲတွင် သရေကျခဲ့ခြင်းက အနိုင်ရသကဲ့သို့ခံစားရဟု မိုဒရစ်ပြော

ဒီဇင်ဘာ ၄၊ ဘာစီလိုနာ။              ။ ပွဲချိန်နှောင်းပိုင်းတွင် အမှတ်တစ်မှတ်ရရှိရန် အသင်း၏ကြိုးစားကစားပုံကြောင့် စနေနေ့ ဘာစီလိုနာနှင့် တစ်ဂိုးစီသရေကျသည့်ပွဲ ကို အနိုင်ရသကဲ့သို့ခံစားရကြောင်း ရီးယဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား လူကာ မိုဒရစ်က ပြောသည်။

ဆွာရက်ဇ်၏ အဖွင့်ဂိုးကြောင့် ရီးယဲလ်မက်ဒရစ်၏ ၃၃ ပွဲဆက်မရှုံးသည့်စံချိန်မှာ ကျိုးပျက်ရန်နီးစပ်ခဲ့သော်လည်း ပွဲချိန်မိနစ် ၉၀ တွင် မိုဒရစ်၏တည်ကန်ဘောမှတစ်ဆင့် ရာမို့စ်ကခေါင်းတိုက်ကာ   ချေပဂိုးသွင်းလိုက်ပြီးနောက် လာလီဂါအမှတ်ပေးဇယားကို ခြောက်မှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်ခွင့်ရခဲ့သည်။

“အဲဒီဂိုးက အရမ်းအရေးကြီးပြီး အမှတ်နဲ့ထိုက်တန်ခဲ့တယ်။ အဆုံးထိ ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့ပြီး ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး။

ကျွန်တော်တို့ ကစားပုံကောင်းခဲ့ပြီး အထူးသဖြင့် ပထမပိုင်းမှာပါ။ ဒုတိယပိုင်းမှာပွဲကို ပိုလွှမ်းမိုးထားနိုင်ခဲ့ပြီး သူတို့က ဦးဆောင်ဂိုး သွင်းသွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့လုံးဝအလျှော့မပေးခဲ့ဘဲ ကလာဆီကိုပွဲမှာ အခုလိုဂိုးသွင်းလိုက်နိုင်တာက အနိုင်ရလိုက် သလိုပဲ ခံစားရတယ်။

ဦးဆောင်သူအဖြစ် ကျွန်တော်တို့ဆက်ရှိနေတာက အရေးပါပြီး ကျွန်တော်တို့ရဲ့အပေါ်ကို ဘယ်သူမှအရောက်မခံဘူး။ ကျွန်တော် တို့ လက်ရှိခြေစွမ်းကို ဆက်ထိန်းထားရမယ်”ဟု မိုဒရစ်က ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required