ထိုင်ဝမ်သမ္မတနှင့် တိုက်ရိုက်ဖုန်းပြော၍ အမေရိကန်၏ One China အပေါ်ထားသည့် မူဝါဒကို ထရမ့်က ချိုးဖောက်မိ

ထိုင်ဝမ်သမ္မတနှင့် တိုက်ရိုက်ဖုန်းပြော၍ အမေရိကန်၏ One China အပေါ်ထားသည့် မူဝါဒကို ထရမ့်က ချိုးဖောက်မိ

နယူးယောက်၊ ဒီဇင်ဘာ ၃ ။               ။ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သမ္မတနှင့် တိုက်ရိုက်ဖုန်းပြောခဲ့ရာ ၁၉၇၉ ခုနှစ်က စတင်ပြီး ထိုင်ဝမ်နှင့် အစိုးရဆက်ဆံရေး   ဖြတ်တောက်ထားသည့် အမေရိကန်၏ မူဝါဒကို ချိုးဖောက်လိုက်သည်။

ထရမ့်နှင့် ထိုင်ဝမ်သမ္မတ ထိုင်အန်းဝန်တို့က အမေရိကန်နှင့် ထိုင်ဝမ်အကြား စီးပွားရေး၊ နိုင်ငံရေးနှင့် လုံခြံုရေးရာ ဆက်ဆံမှုများကို ဖုန်းဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထရမ့်၏ အဖွဲ့က ပြောသည်။

ထရမ့်၏ ထိုအပြုအမူကြောင့် ထိုင်ဝမ်အား မိမိပိုင်ပြည်နယ်အဖြစ် ရှုမြင်သော တရုတ်အတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်နေစေသည်။

One China ပေါ်လစီအရ အစိုးရတစ်ခုတည်းသော တရုတ်နိုင်ငံဆိုသည့် မူဝါဒကို ထောက်ခံလျက်ရှိနေဆဲဖြစ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာ ၂ ရက်တွင် ကြေညာခဲ့ရသည်။

“ထိုင်ဝမ်ရေလက်ကြားအရေးနဲ့ ပတ်သက်တဲ့ ရေရှည်ရပ်တည်လာတဲ့ မူဝါဒက အပြောင်းအလဲ မရှိပါ။”ဟု အမျိုးသားလုံခြံုရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အမ်မလီဟုမ်းက အေအက်ဖ်ပီသို့ ပြောသည်။

ထရမ့်က တွစ်တာတွင် ရေးသားဖော်ပြရာ၌ အမေရိကန်ရွေးကောက်ပွဲ၌ အနိုင်ရခြင်းကြောင့် သမ္မတ ထိုင်အန်းဝန်က ဖုန်းဆက် ဂုဏ်ပြုစကားဆိုကြောင်း ရေးသားထားသည်။

တစ်ချိန်တည်း၌ ထရမ့်အနေဖြင့် ဇန်နဝါရီလက ရွေးကောက်ခံရကာ ထိုင်ဝမ်သမ္မတဖြစ်လာသည့် ထိုင်အန်းဝန်ကိုလည်း ဂုဏ်ပြုစကားပြောခဲ့ကြောင်း ထရမ့်၏ အဖွဲ့က ပြောသည်။

အမေရိကန်သမ္မတ သို့မဟုတ် ရွေးကောက်ခံ သမ္မတတစ်ဦးအနေဖြင့် ထိုင်ဝမ်ခေါင်းဆောင်တစ်ဦးထံ တိုက်ရိုက်ဖုန်းပြောဆိုခြင်းလည်း အလွန်တစ်မူ ထူးခြားသည့် ဖြစ်ရပ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required