မန်ယူတွင် ရှဝိန်းစတိုင်ဂါ ဆက်နေဖွယ်ရှိသည်ဟု မော်ရင်ဟိုပြော

မန်ယူတွင် ရှဝိန်းစတိုင်ဂါ ဆက်နေဖွယ်ရှိသည်ဟု မော်ရင်ဟိုပြော

ဒီဇင်ဘာ ၃၊ မန်ချက်စတာ။            ။ အသင်းတွင်ပြန်လည် ပါဝင်လာပြီးနောက် မန်ချက်စတာယူနိုက်တက်တွင်သာ ရှဝိန်းစတိုင်ဂါ ဆက်နေဖွယ်ရှိသည်ဟု မော်ရင်ဟိုက ပြောသည်။

ယခုနှစ်ရာသီ အစပိုင်းတွင် တစ်ဦးတည်း သီးသန့်လေ့ကျင့်ခဲ့ရသည့် ဂျာမနီကွင်းလယ်လူဟောင်းသည် ဝက်စ်ဟမ်းကိုအနိုင်ရသည့် အီးအက်ဖ်အယ်ဖလားပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ပွဲချိန်နှောင်းပိုင်း၌ လူစားဝင်ကစားခွင့်ရရှိခဲ့သည်။

အသက် ၃၂ နှစ်အရွယ်ရှိ ကစားသမားသည် မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားနှင့် ဆွေးနွေးထားပြီး အခြား အမေရိကန်အသင်း များကလည်း ဆက်သွယ်နေသည်။

“သူဆက်နေနိုင်တာပေါ့။ တကယ်လို့ခင်ဗျားမှာသာ စာချုပ်ရှိနေရင် ကိုယ့်အနာဂါတ် ကိုယ်ဆုံးဖြတ်နိုင်စွမ်း အရှိဆုံးသူ တစ်ယောက်ပေါ့။ ဇန်နဝါရီမှာသူဟာ ဆုံးဖြတ်နိုင်စွမ်းအရှိဆုံးသူတစ်ယောက်ပဲ။ ပြီးတော့အရင်ကထက် စိတ်ခံစားချက်ပိုကောင်း နေလိမ့်မယ်။

သူ လေ့ကျင့်ခန်းဆင်းခွင့်မရတာကိုတွန်းလှန်ခဲ့ပြီး ဒဏ်ရာမရအောင်လည်း လုပ်နိုင်ခဲ့လို့ လူတိုင်းက ဝမ်းသာနေတယ်။ လပေါင်း များစွာသူကြိုးစားခဲ့ပြီး အဲဒါက သူကစားခွင့်ရဖို့နဲ့ ကျွန်တော်တို့ကို ကူညီဖို့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်လာမယ် ထင်တယ်”ဟု မော်ရင်ဟိုက ပြောသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required