ထိုင်းဘုရင် မဟာဝါဇီရာလောင်ကွန်းအား နိုင်ငံတကာ ခေါင်းဆောင်များနှင့် သံအမတ်ကြီးများ ဂုဏ်ပြု

ထိုင်းဘုရင် မဟာဝါဇီရာလောင်ကွန်းအား နိုင်ငံတကာ ခေါင်းဆောင်များနှင့် သံအမတ်ကြီးများ ဂုဏ်ပြု

ဘန်ကောက်၊ ဒီဇင်ဘာ ၃ ။            ။ ထိုင်းဘုရင်သစ် မဟာဝါဇီရာလောင်ကွန်း၏ နန်းတက်အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာမှ ခေါင်းဆောင်များနှင့် နိုင်ငံခြားသံအမတ်ကြီးများက ဆုတောင်းခြင်းများ၊ ဂုဏ်ပြုစကားများ ပေးပို့သည်။

ဒီဇင်ဘာ ၂ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဘုရင်သစ်ထံ ဂုဏ်ပြုစကားပါးခဲ့သည်။

အဆိုပါ ဂုဏ်ပြုစာလွှာတွင် “တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် နီးကပ်သည့် အိမ်နီးချင်းများဖြစ်ကာ တရုတ်နှင့် ထိုင်းပြည်သူတို့မှာလည်း ဆွေမျိုးသားချင်းများအဖြစ် ကိုယ်တိုင်ယူဆခံယူထားသည်။ ထိုင်းတော်ဝင် အသိုင်းအဝိုင်းက ဆက်ဆံရေးမြင့်မားအောင် အရေးကြီးကြောင်း လက်ခံခြင်းကြောင့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုသည် ဆက်လက်ခိုင်မာနေလျက်ရှိသည်။”ဟု ဖော်ပြထားသည်။

ဂျာမနီသမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်သံအမတ်ကြီးနှင့် ဂျပန်သံအမတ်ကြီးတို့ကလည်း ဒသမမြောက် ရာမမင်းအဖြစ် ထီးနန်းဆက်ခံသည့် မဟာဝါဇီရာလောင်ကွန်းအား ဂုဏ်ပြုစကားများ ပေးပို့ခဲ့သည်။

ဘုရင်သစ် မဟာဝါဇီရာလောင်ကွန်းက ခမည်းတော် ဘူမိဘော၏ အရိုက်အရာကို ဆက်ခံကာ ထိုင်းနိုင်ငံ၏ ဘုရင်းအဖြစ် နန်းတက်လာခြင်းသည်။

သက်တော် ၆၄ နှစ်ရှိ ဝါဇီရာလောင်ကွန်းက လွှတ်တော်၏ ဖိတ်မန္တကပြုမှုအရ ထီးနန်းကို လက်ခံသည်ကို ရုပ်မြင်သတင်းတစ်ရပ်က ထုတ်လွှင့်ပြသည်။

ကမ္ဘာ့သက်တမ်းအရှည်ဆုံး နန်းစံဘုရင် ဘူမိဘောက အောက်တိုဘာ ၁၃ ရက်၌ နတ်ရွာစံခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုများတွင် ဆယ်စုနှစ် ခုနစ်ခုစာအတွင်း တည်ငြိမ်ငြိမ်းချမ်းရေး ကျောက်တိုင်အဖြစ် ဘုရင်ဘူမိဘောအား ကြည်ညိုရင်းစွဲ ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required