ဥရောပကို အိုင်အက်စ်တို့ တိုက်စစ်ဆင်လာလိမ့်မည်ဟု ယူရိုပို သတိပေး

ဥရောပကို အိုင်အက်စ်တို့ တိုက်စစ်ဆင်လာလိမ့်မည်ဟု ယူရိုပို သတိပေး

ဥရောပ၊ ဒီဇင်ဘာ ၂ ။            ။ အရှေ့အလယ်ပိုင်းတွင် ရှုံးနိမ့်နေခြင်းကြောင်း အိုင်အက်စ်အုပ်စုက ဥရောပပစ်မှတ်များကို တိုက်စစ်ဆင်လာလိမ့်မည်ဟု ဥရောပရဲအဖွဲ့ ယူရိုပိုက
သတိပေးသည်။

အိုင်အက်စ်က ပြည်ပတိုက်ခိုက်ရေးသမားများစွာက ဥရောပသို့ ပြန်လာပြီး တိုက်ခိုက်မှုများကို လုပ်လာနိုင်သည်ဟု ယင်းတပ်ဖွဲ့က ပြောခြင်းဖြစ်သည်။

၎င်းတို့၏ နည်းဗျူဟာများအတိုင်း ကားဗုံးခွဲခြင်းများ၊ ပြန်ပေးဆွဲခြင်းများနှင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများကို လုပ်လာနိုင်သည်။

သို့သော် ယူရိုပို၏ ထုတ်ပြန်ချက်တွင် နျူကလီးယားစက်ရုံကဲ့သို့သော အရေးကြီးသည့် အခြေခံအဆောက်အအုံများ တိုက်ခိုက်နိုင်ခြေနှင့် ပတ်သက်ပြီး လေးလေးနက်နက် ဖော်ပြခြင်းမရှိပေ။

အိုင်အက်စ်စစ်သွေးကြွများက ထိလွယ်ရှလွယ် ပစ်မှတ်များကိုသာ ပို၍ တိုက်ခိုက်မှုများရှိကြောင်း ဖော်ပြထားသည်။

ဥရောပသို့ ရောက်ရှိနေသည့် ဆီးရီးယားဒုက္ခသည်တစ်ချို့က ဒုက္ခသည်စခန်းများတွင် စိမ့်ဝင်နေသည့် အစွန်းရောက်များ၏ စည်းရုံးသိမ်းသွင်းခြင်းကို ခံရဖွယ်ရှိကြောင်းလည်း ယင်းထုတ်ပြန်ချက်၌
ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required