အင်စတာဂရမ်မှာ အားပေးသူအများဆုံး အနုပညာရှင်ဖြစ်လာတဲ့ ဆယ်လီနာဂိုမက်ဇ်

အင်စတာဂရမ်မှာ အားပေးသူအများဆုံး အနုပညာရှင်ဖြစ်လာတဲ့ ဆယ်လီနာဂိုမက်ဇ်

နာမည်ကျော်အဆိုတော် တေလာဆွစ်ကို ကျော်ဖြတ်ပြီး ဆယ်လီနာဂိုမက်ဇ်ဟာ အင်စတာဂရမ်မှာ အားပေးသူ အများဆုံး အနုပညာရှင်တစ်ယောက် ဖြစ်လာပါတယ်။ အဆိုတော်မလေးနှစ်ယောက်ဟာ ၂၀၁၆ခုနှစ်မှာ လူမှုကွန်ရက်ဆိုက်များ၌ လွှမ်းမိုးမှုအရှိဆုံး အမျိုးသမီးနှစ်ယောက်ဖြစ်ပါတယ်။

အင်စတာဂရမ်ရဲ့ တစ်နှစ်တာရပ်တည်မှုဟာ ပြီးခဲ့တဲ့ကြာသာပတေးနေ့က ထွက်ရှိခဲ့ပြီး ဂိုမက်ဇ်ဟာ အားပေးသူ ပရိသတ်အများဆုံး အနုပညာရှင်တစ်ယောက်အဖြစ် Followers ၁၀၃သန်းနှင့် ထိပ်ဆုံးမှ ရပ်တည်နေကာ ဆွစ်ကတော့ followers ၉၃.၉သန်း ဖြင့် ဒုတိယနေရာမှ ရပ်တည်နေပါတယ်။

အာရီရာနာဂရန်ဒီနဲ့ ဘီယွန်းစေးတို့ကတော့ followers ၈၉.၆သန်း နဲ့ ၈၈.၉ သန်းတို့နဲ့ တတိယနေရာ နဲ့ စတုတ္ထနေရာအသီးသီးမှာရပ်တည်နေပါတယ်။ တီဗီစတား ကင်မ်ကာဒါရှန်း ကတော့ followers ၈၈.၂သန်းနဲ့ ပဥ္စမနေရာမှာ ရပ်တည်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly