၂၀၁၆ ခုနှစ် အတွက် Spotify မှ နားဆင်မှုအများဆုံး သီချင်းပိုင်ရှင်အဖြစ် Drake ရပ်တည်

၂၀၁၆ ခုနှစ် အတွက် Spotify မှ နားဆင်မှုအများဆုံး သီချင်းပိုင်ရှင်အဖြစ် Drake ရပ်တည်

Spotify သီချင်းဝက်ဘ်ဆိုက်မှ ၂၀၁၆ ခုနှစ်အတွက် ပရိသတ်နားဆင်မှုအများဆုံး အဆိုတော်အဖြစ် Drake က ရပ်တည်ခဲ့ပြီး သူ့ရဲ့ သီချင်း One Dance ဟာ အဲ့ဒီ့ဝက်ဘ်ဆိုက်မှာ ပရိတ်သတ်နားဆင်မှု အများဆုံးဖြစ်ခဲ့ပါတယ်။

ကနေဒါကြယ်ပွင့်အဆိုတော်ရဲ့သီချင်းတွေဟာ ဒီနှစ်အတွင်း နားဆင်မှု ၄.၇ဘီလျံကျော်ရှိခဲ့ပြီး အဲ့ဒီ့ထဲကတဝက် လောက်ဟာသူ့ရဲ့ အယ်လ်ဘမ်ခွေ Views ထဲမှသီချင်းတွေဖြစ်ပါတယ်။ Apple Music နဲ့ သဘောတူညီမှု တစိတ်တပိုင်းအဖြစ် ဒီအယ်လ်ဘမ်ခွေဟာ Spotify ဆိုက်ရဲ့ ထိပ်ဆုံးနေရာမှာ နှစ်ပတ်ကြာအောင် ရပ်တည်ခဲ့ပါတယ်။

One Dance သီချင်းတစ်ပုဒ်ထဲကပဲ နားဆင်မှုအကြိမ်ရေ သန်း ၉၆၀ကျော် ရှိခဲ့ပြီး ဒီသီချင်းကိုသာ အဲ့ဒီ့အကြိမ်ရေအတိုင်း ဆက်တိုက်ဖွင့်ထားပါက နှစ်ပေါင်း ၅၂၀၀ တိုင် အောင်ကြာမြင့်သွားနိုင်ပါတယ်။

ဒီ ၂၀၁၆ ခုနှစ်ကတော့ အဆိုတော် Drake အတွက် အဖက်ဖက်မှ အောင်မြင်တဲ့နှစ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required